ရိုဟင်ဂျာ ဒုက္ခသည်စခန်းကို လာတဲ့ ဂျာမန် ရုပ်ရှင်ဒါရိုက်တာ အထင်မှား ရိုက်နှက်ခံရ

2019-02-21 - 2019-02-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသက ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က တွေ့ရစဉ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသက ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က တွေ့ရစဉ်
Photo: Dibyangshu SARKAR / AFP

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းကိုလာရောက်ခဲ့တဲ့ ဂျာမန်ရုပ်ရှင်ဒါရိုက်တာ နဲ့ သူ့ရဲ့ လက်ထောက်တို့ကို ရိုဟင်ဂျာမွတ်စလင်တွေက  ဝိုင်းဝန်းရိုက်နှက်မှု မနေ့က ဖြစ်ပွားခဲ့ပါတယ်။

ဂျာမဏီနိုင်ငံသား ၃ ဦးနဲ့ သူတို့ရဲ့လက်ထောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတို့ဟာ မြန်မာနယ်စပ် Cox’s Bazar မြို့က ကုတုပလောင်ဒုက္ခသည်စခန်းကိုရောက်လာခဲ့ကြပြီး စခန်းထဲက အမျိုးသမီးတွေနဲ့ ကလေးတွေကို လက်ဆောင်ပစ္စည်းတွေစတင်ဝေငှခဲ့တဲ့နောက် သူတို့ကိုလူမှောင်ခိုတွေလို့ ယူဆပြီး ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတာလို့ ရဲမှုးချုပ်က ပြောပါတယ်။

rohingya-protest-bangladesh-622

သူတို့ကို စစ်တပ်နဲ့ရဲက ကယ်ထုတ်ခဲ့ရပြီး အရိုက်ခံရတဲ့ ဂျာမန်နိုင်ငံသားကတော့  ဒဏ်ရာ အနည်းအကျဉ်း ရခဲ့တယ်လို့ဆိုပါတယ်။  ဂျာမဏီနိုင်ငံသားတွေက သူတို့ဟာ ဇာတ်လမ်းတိုတခု ရိုက်ကူးဖို့အတွက် စခန်းကိုလာရောက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တစုံတရာအရေးယူမှု မရှိဘူးလို့လဲ သိရပါတယ်။

ရဲတပ်ဖွဲ့ရဲ့ပြောဆိုချက်အရ စခန်းတွေမှာ လူမှောင်ခိုမှုတွေရဲ့လှုပ်ရှားမှုတွေ လတ်တလောမြင့်မား လာနေပြီး မလေးရှားဘက်ကို လှေနဲ့သွားဖို့ ဖြားယောင်းသွေးဆောင်မှုတွေရှိနေတယ်လို့လဲ သိရပါတယ်။

ဆိုက်တခုလုံးသို့