အမေရိကန်ရောက် ရခိုင်အရေးလှုပ်ရှားမယ့်အဖွဲ့

2019-08-24
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

■ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဒေသခံ အရပ်သားတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ အခြေအနေတွေကို နိုင်ငံတကာက သိရှိအောင် လုပ်ဆောင်ဖို့အတွက် အမေရိကန်နိုင်ငံရောက် ရခိုင်တိုင်းရင်းသားတွေ စုပေါင်းဖွဲ့စည်းထားတဲ့ International Campaign for Arakan (ICA) အဖွဲ့ရဲ့ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်က National Press Club မှာ ၂ဝ၁၉ သြဂုတ်လ ၂၃ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူထားတဲ့ RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က တင်ပြထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့