၈၈ မျိုးဆက်နဲ့ အမေရိကန် သံအမတ်ကြီး တွေ့ဆုံ

2016-05-05
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး  မစ္စတာ Scot Marciel နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင်တွေ တွေ့ဆုံကြစဉ်
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ Scot Marciel နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင်တွေ တွေ့ဆုံကြစဉ်
Photo: The 88 Generation Peace and Open Society Facebook

အမေရိကန်သံအမတ်ကြီး မစ္စတာ စကော့မာဆီရယ်လ်ဟာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင်တွေကို သူတို့ရုံးမှာ ဒီနေ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

မြန်မာ့နိုင်ငံရေးမှာ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ အခန်းကဏ္ဍ အရေးပါတာကို အသိအမှတ်ပြုပြီး၊ အနာဂတ်မှာလည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သံအမတ်ကြီးက ပြောဆိုကြောင်း ၈၈ မျိုးဆက် အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုကိုကြီး က ပြောပါတယ်။

"အမေရိကန်သံအမတ်ကြီး မစ္စတာ Scot Marciel အနေနဲ့ ကျနော်တို့ ၈၈ မျိုးဆက်ရုံးကို လာရောက်ပြီးတော့ သူ့ကိုယ်သူလည်း မိတ်ဆက်ရင်း ကျနော်တို့နဲ့ လက်ရှိအခြေအနေတွေအပေါ်မှာ အမြင်ချင်းဖလှယ်တာပေါ့၊ အဲ့ဒါတွေဆွေးနွေးဖြစ်ပါတယ်၊ အဓိကကတော့ ကျနော်တို့နိုင်ငံမှာ စဉ်ဆက်မပြတ် နိုင်ငံရေးကို တက်ကြွလှုပ်ရှား လာတဲ့ ၈၈ မျိုးဆက် အဖွဲ့တွေရဲ့ နိုင်ငံရေးအရေးသာမှုကို သူ့အနေနဲ့ လေးစားအသိအမှတ်ပြုတယ်၊ ထပ်ပြီးတော့ ကျနော်တို့တွေနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံသွားမယ်လို့ ပြောပါတယ်"

သံအမတ်ကြီး စကော့မာဆီရယ်လ်နဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေရဲ့တွေ့ဆုံမှုဟာ နေ့လည် ၁ နာရီခွဲလောက်ကနေ ၂ နာရီခွဲလောက်ထိကြာမြင့်ခဲ့ပါတယ်။

အမေရိကန်သံတမန် အဆက်ဆက်ဟာ ဒီမိုကရေစီရေးလှုပ်ရှားသူ ကျောင်းသားခေါင်းဆောင်တွေကို အစဉ်တစိုက် တွေ့ဆုံဆက်ဆံလေ့ရှိပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့