NLD အစိုးရကို ဝန်းရံမယ်လို့ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ ပြောကြား

2015-11-18
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
တရုတ်မြန်မာနယ်စပ်မှာ ကိုးကန့်တပ်မတော် MNDAA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။
တရုတ်မြန်မာနယ်စပ်မှာ ကိုးကန့်တပ်မတော် MNDAA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။
Photo: AFP

ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အစိုးရသစ်ဖြစ်လာမယ် ဆိုရင် ပြည်တွင်းစစ်ရပ်စဲပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင်နိုင်ဖို့အတွက် ဝန်းရံသွားမယ်လို့ ရခိုင့်တပ်မတော် AA၊ ကိုးကန့်တပ်မတော် MNDAA နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA အဖွဲ့သုံးဖွဲ့ တို့က ဒီကနေ့ ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

NLD ပါတီအနေနဲ့ ရွေးကောက်ပွဲမတိုင်ခင်က ပြောထားတဲ့အတိုင်း တိုင်းရင်းသားအရေး၊ နိုင်ငံရေးအခြေအနေတွေ တိုးတက်လာဖို့ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယူဆတဲ့အတွက် အခုလိုထုတ်ပြန်လိုက်တာဖြစ်ကြောင်း ကိုးကန့်အဖွဲ့ MNDAA က ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

"ဒီတစ်ပတ် နှစ်ပတ်အတွင်း ဖြစ်ပျက်နေတဲ့ တိုက်ပွဲအခြေအနေရော နိုင်ငံရေးအခြေအနေရော အားလုံးကို ကျနော်တို့ သုံးသပ်ပြီးတော့မှ ဒီလို ထုတ်ပြန်ချက်ထုတ်ရတာဖြစ်ပါတယ်၊ NLD ပါတီက ရွေးကောက်ပွဲမတိုင်ခင်က သူတို့ပြောထားတဲ့အတိုင်း ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ တိုင်းရင်းသား ပဋိပက္ခတွေရော နိုင်ငံရေးပဋိပက္ခတွေပါ သေချာဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျနော်တို့က အဲ့လိုယုံကြည်ပါတယ်"

အဲဒီအဖွဲ့သုံးဖွဲ့ဟာ လက်ရှိအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး NCA စာချုပ်မှာ လက်မှတ်မရေးထိုးထားတဲ့ အဖွဲ့တွေ ဖြစ်ကြပါတယ်။

NLD သာ အစိုးရဖွဲ့စည်းနိုင်ပါက ငြိမ်းချမ်းရေး၊ တိုင်းရင်းသားအရေးနဲ့ နိုင်ငံရေးအရဆွေးနွေးဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့လည်း ဦးထွန်းမြတ်လင်းက ပြောပါတယ်။

ရွေးကောက်ပွဲပြီးနောက်ပိုင်း အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တောင်ပိုင်းမှာ SSPP/SSA ရှမ်းပြည်တပ်မတော်၊ ကချင်ပြည်နယ် မိုးညှင်းဖက်မှာ KIA ကချင်လွတ်မြောက်ရေးတပ်မတော်တို့နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတာ ဒီရက်ပိုင်းအတွင်းအတော်ကို ပြင်းထန်နေပါတယ်။

တိုက်ပွဲဖြစ်ပွားရာအနီးတစ်ဝိုက်က ဒေသခံ သောင်းနဲ့ချီပြီး ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ကယ်ဆယ်ရေးလုပ်ဆောင်ပေးနေတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။

ကွန်မင့်များ (2)
Share

​ေဗလု၀

အရမ်းစိတ်ကူးယဉ်ပီး သာကူးလုပ်မနေနဲ့။ NLDက အစိုးရဖြစ်သွားရင် အစိုးရစကားပြောတော့မှာ။ အရင်ကတော့ အစိုးရ အုပ်ချုပ်မှုတွေအစိုးရစစ်စခန်းတွေအရပ်သားတွေကို အရင်လာလာတိုက်ရန်လာလာစတယ်။ပီးရင်မလုပ်ပါဖူး ဗြောင်လိမ်ဗြောင်စားလုပ်တယ်။ဒေါ်အောင်ဆန်းစုကြည်အစိုးရဖြစ်လာရင် အရင်လို လုပ်လို့မရတော့ဖူးဆိုတာနားလည်ပါ။

Nov 20, 2015 12:58 AM

အေးချမ်းလိုစိတ်​ကိုလက်​ခံပါသည်​​ပြောသမျှယုံမယ်​လို့မထင်​ပါနဲ့

NLDအစိုးရဖွဲ့ရင် တပ်နဲ့ကတသားတ်ူဖြစ်သွားပါပီ
အဲဒီတော့ အခုအဖွဲ့၃ဖွဲ့အရင်လို စကားကြီးစကားကျယ်တွေဘယ်လောက်ပြောပြော ဒေါ်အောင်းဆန်းစုကြည်က လက်ခံမှာမဟုတ်ပါဖူး။ဖြစ်စဉ်တွေကြည့်ရင် ဒီ၃ဖွဲ့က အခြား အထောက်ပံတွေနဲ့တိုင်းပြည်ကိုသစ်စာဖောက်ပီး တည်ငြိမ် တဲ့လောက်ကိုင်ဒေသကိုဆိုးရွားအောင်လုပ်ခဲ့တာပါ။အမေစုကသတ်၂တပ်ကသတ်၂လို့မြင်ရင်မှားပါလိမ့်မယ်။တပ်သည်အမေစု အမေစုသည်တပ်ဖြစ်သွားပါပီ။

Nov 18, 2015 08:05 PM

ဆိုက်တခုလုံးသို့