အပစ်အခတ် ရပ်စဲရေး တပ်မတော် ၂ လတိုးမြှင့်

2019-04-30
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကင်းလှည့်နေတဲ့ စစ်သားတွေကို လားရှိုးမြို့မှာ ၂၀၁၈ စက်တင်ဘာ ၂၈ ရက်နေ့က တွေ့ရစဉ်
ကင်းလှည့်နေတဲ့ စစ်သားတွေကို လားရှိုးမြို့မှာ ၂၀၁၈ စက်တင်ဘာ ၂၈ ရက်နေ့က တွေ့ရစဉ်
Photo: Kan Thar/RFA

ငြိမ်းချမ်းရေးအတွက် ဆက်လက်ဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ KIA, TNLA နဲ့ MNDAA တို့ရဲ့ တောင်းဆိုချက်အရ အပစ်အခတ်ရပ်စဲမှုတွေကို ဇွန်လ ၃ဝ ရက်နေ့ အထိ တိုးမြှင့်လိုက်တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီလ ၃ဝ ရက်နေ့ မနေ့က ကြေညာလိုက်ပါတယ်။

မြန်မာ့တပ်မတော်က မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်တိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့အလယ်ပိုင်းနဲ့ တြိဂံဒေသတိုင်း စစ်ဌာနချုပ်နယ်မြေတွေမှာ စစ်ရေးလှုပ်ရှားမှုတွေကို ၂ဝ၁၈  ဒီဇင်ဘာ ၂၁ ကနေ ဧပြီလ ၃ဝ ရက်နေ့ အထိ ရပ်ဆိုင်းကြောင်း ကြေညာခဲ့ပြီးနောက် အခုလို တိုးမြှင့်ခဲ့တာဖြစ်ပါတယ်။

မူလကြေညာချက်အတိုင်း အခုကြေညာချက်မှာလည်း ရခိုင်ပြည်နယ်တည်ရှိတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေနဲ့ AA ရခိုင့်တပ်မတော်ရဲ့ အမည်တွေတော့ ပါဝင်ခြင်း မရှိပါဘူး။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့