အပိတ်ခံရသည့် အမေ့အိမ် စာသင်ကျောင်း ပြန်ဖွင့်မည်

မြန်မာလူငယ်ကွန်ရက်အဖွဲ့တွေ ဦးစီးဖွင့်လှစ်ပြီး အာဏာပိုင်တွေရဲ့ တားဆီးပိတ်ပင်မှု ခံခဲ့ရတဲ့ အမေ့အိမ် စာသင်ကျောင်းကို လာမဲ့ မတ်လ ၇ ရက်နေ့မှာ ပြန်လည် ဖွင့်လှစ်တော့မှာ ဖြစ်တယ်လို့ ကျောင်းတာဝန်ခံတွေက မတ်လ ၂ ရက် ဒီကနေ့ ထုတ်ဖော် ပြောကြားကြပါတယ်။
2011-03-02
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကျောင်းတစ်ကျောင်းတွင် သင်ကြားနေသော ဆရာမနှင့် ပညာသင်ယူနေသော ကျောင်းသားများကို တွေ့ရစဉ်
ကျောင်းတစ်ကျောင်းတွင် သင်ကြားနေသော ဆရာမနှင့် ပညာသင်ယူနေသော ကျောင်းသားများကို တွေ့ရစဉ်
(Photo: AFP)

ဒီကျောင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ရက်နေ့က လှိုင်သာယာမြို့နယ်အတွင်း ဖွင့်လစ်ခဲ့တာ ဖြစ်ပြီး၊ ကျောင်းသားကျောင်းသူ ၂၀၀ ကျော် တက်ရောက်နေရာမှ အာဏာပိုင်တွေရဲ့ တားီးမှုကြောင့် ကျောင်းကို ပြန်ပိတ်လိုက်ရတာပါ။

ဒီကျောင်းဟာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်နဲ့ ဖွင့်လစ်ခဲ့တာ ဖြစ်တယ်လို့ အမေ့အိမ်ကျောင်း တာဝန်ခံ ဦးအေးဘိုက ပြောပါတယ်။

“ကလေးတွေက အတန်းကြီးလာကြတယ်။ စာမတတ်ကြဘူး။ စာမရေးတတ်ကြဘူး။ စာမဖတ်တတ်ကြဘူး။ အဲဒါတွေက အရေးကြီးလာပြီ။ အချိန်နဲ့အမျှ အရေးကြီးလာတယ်။ နောင်တချိန်ကျလို့ ရှိရင် ဗမာစာတောင် ဖတ်တတ်မှာ မဟုတ်တော့ဘူး။ ဗမာစာ ပျောက်ကွယ်သွားနိုင်တယ်ပေါ့။ အဲဒီ ရည်ရွယ်ချက်လည်း ပါတယ်၊ နောက်ပြီးတော့ ကလေးတွေရဲ့ သူတို့ရဲ့ ဖွံ့ဖြိုးရေး အစီအစဉ်တွေပေါ့၊ အဲဒါကလည်း ပညာရေးပါမယ်၊ ကျန်းမာရေး ပါမယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့တွေ စပြီး တည်ဖြစ်တာပါ။”

လက်ရှိမှာ ဒီကျောင်း ဖွင့်လစ်နိုင်ရေးအတွက် အာဏာပိုင်တွေနဲ့ ညှိနှိုင်ဆောင်ရွက်တာတွေအပြင် ကျောင်းဖွင့်ဖို့ လိုင်စင်လည်း ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တင်ပြီး ဖြစ်တာကြောင့် ကျောင်းကို လာမဲ့ မတ်လ ၇ ရက်နေ့ မှာ ပြန်လည်ဖွင့်လှစ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်၊ လက်ရှိမှာ ကျောင်းသားသစ်များ လက်ခံနေပြီး ကျောင်းလာအပ်တဲ့ မိဘများကို ကျောင်းစည်းကမ်းတွေကို တာဝန်ခံတွေက ရှင်းပြနေတယ်လို့ သိရပါတယ်။

အခုလို လှိုင်သာယာမြို့နယ်အတွင်း အောင်အောင်မြင်မြင် ကျောင်းဖွင့်လှစ်နိုင်ပါက တခြား တခြား မြို့နယ်တွေမှာလည်း အလားတူ အမေ့အိမ်ကျောင်းများ ဆက်လက် ဖွင့်လှစ်ဖို့ လူငယ် ကွန်ရက်အဖွဲ့တွေက စီစဉ်နေတယ်လို့လည်း သိရပါတယ်၊

အမေ့အိမ်ကျောင်းနဲ့ ပတ်သက်ပြီး ကျောင်းဆရာတဦးနဲ့ RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့