ရွေးကောက်ပွဲဆိုင်ရာအဖွဲ့ EU စေလွှတ်မည်

2019-04-04
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အီးယူ ရွေးကောက်ပွဲလေ့လာရေးမှူးချုပ် Mr Lambosdorff (အလယ်)ကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ၂၀၁၅ အောက်တိုဘာလ ၂၀ ရက်နေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်
အီးယူ ရွေးကောက်ပွဲလေ့လာရေးမှူးချုပ် Mr Lambosdorff (အလယ်)ကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ၂၀၁၅ အောက်တိုဘာလ ၂၀ ရက်နေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်
Photo: RFA

အီးယူ- ဥရောပသမဂ္ဂ၊ ရွေးကောက်ပွဲစောင့်ကြည့်ရေးဆိုင်ရာ နောက်ဆက်တွဲ ဆက်လက်ဆောင် ရွက်ရေး ကိုယ်စားလှယ်အဖွဲ့ကို ဒီနှစ် မတ်လ ၁၄ ရက်နေ့မှာ မြန်မာနိုင်ငံကို စေလွှတ်တယ်လို့ အီးယူက သတင်း ထုတ်ပြန်ပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးချိန်ကစလို့ ရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲရေးအတွက် အီးယူ-ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့က အကြံပေးခဲ့တာတွေကို အကောင်အထည် ဖော်ဆောင်ရွက်တဲ့ အခြေအနေကို လေ့လာဖို့ ဖြစ်ပါတယ်။

အီးယူအဖွဲ့ဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ လွှတ်တော်၊ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်အဖွဲ့ အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ နည်းပညာရပ်ဆိုင်ရာ ကူညီပံ့ပိုးသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့