ကုလသမဂ္ဂလူ့အခွင့်အရေး အစီရင်ခံစာ တစ်ဖက်သတ်ဖြစ်လို့ မြန်မာလက်မခံ

2019-03-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း ကို တွေ့ရစဉ်
မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း ကို တွေ့ရစဉ်
Photo: Ministry of Foreign Affairs Myanmar

လူ့အခွင့်အရေးကောင်စီမှာ တင်သွင်းခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင်ခံစာဟာ တစ်ဖက်သတ်ဖြစ်နေကြောင်းနဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေကို လက်မခံကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ်က မနေ့က တုံ့ပြန်ပြောကြားလိုက်ပါတယ်။

တဆက်တည်းမှာပဲ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအတွက် နည်းပညာ ကူညီထောက်ပံ့မှုတွေ ပေးဖို့လည်း မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း က လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကို တိုက်တွန်းလိုက်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ ဆန္ဒရှိသလို ဖြေရှင်းနိုင်စွမ်းလည်းရှိကြောင်း၊ အဲဒါကြောင့် နိုင်ငံတကာ တရားစီရင်ရေးကို ရောက်အောင်လုပ်ဆောင်နေတဲ့ ဘယ်လိုကြိုးပမ်းမှုမျိုးကိုမဆို ပြင်းထန်စွာ ပယ်ချကြောင်းလည်း ဦးကျော်မိုးထွန်း က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ရခိုင်အရေးနဲ့ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေရှိပေမယ့် မြန်မာနိုင်ငံကို ပစ်မှတ်ထားပြီး ကုလသမဂ္ဂရဲ့ များပြားတဲ့ ယန္တရားတွေအောက်မှာ မျှတမှုမရှိတဲ့ စစ်ဆေးမှုတွေပြုလုပ်တာကို ခံနေရကြောင်းလည်း ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့လိုက်တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့