တပ်မတော်ကြေညာချက် အရေးကြီးဟု ကန် သံအမတ်ကြီး ပြော

2018-01-11
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မောင်တောမြို့နယ် အင်းဒင်ကျေးရွာသုဿာန်မှာ အမည်မသိရုပ်အလောင်းတွေ မြှုပ်နှံထားတဲ့နေရာကို တပ်မတော်စုံစမ်းစစ်ဆေးရေး အဖွဲ့မှ စစ်ဆေးနေစဉ်
မောင်တောမြို့နယ် အင်းဒင်ကျေးရွာသုဿာန်မှာ အမည်မသိရုပ်အလောင်းတွေ မြှုပ်နှံထားတဲ့နေရာကို တပ်မတော်စုံစမ်းစစ်ဆေးရေး အဖွဲ့မှ စစ်ဆေးနေစဉ်
Photo: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး/ Facebook

မောင်တောမြို့နယ် အင်းဒင်ကျေးရွာက မွတ်စလင် ၁ဝ ဦးကိုသတ်ဖြတ်မှုမှာ လုံခြုံရေးတပ်ဖွဲ့တွေ ပါဝင်ပတ် သက်ကြောင်း မြန်မာ့တပ်မတော်က ထုတ်ပြန်ပြောကြားခဲ့တာဟာ အရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်ပြီး တာဝန်ရှိ သူတွေအပေါ် လိုအပ်သလို အရေးယူမှုတွေကို ပွင့်လင်းမြင်သာစွာ ဆက်လက်မြင်တွေ့ရမယ်လို့ အမေရိ ကန်ပြည်ထောင်စုအနေနဲ့ မျှော်လင့်ပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel စကော့ မာစီရယ်လ် က မနေ့က ပြောကြားလိုက်ပါတယ်။

တဆက်တည်းမှာပဲ အဲဒီလိုအရေးယူမှုတွေဟာ နိုင်ငံတကာကို သိစေချင်လို့ ဆောင်ရွက်တာထက် မြန်မာပြည်မှာ ဒီမိုကရေစီစနစ် ရှင်သန်ရေးကိုရှေးရှုပြီး ဆောင်ရွက်တာမျိုး ဖြစ်စေချင်ပါတယ်လို့လည်း သူက ပြောပါတယ်။

မြန်မာ့တပ်မတော်က လူသတ်မှုအတွက် ထုတ်ဖေါ်ကြေညာခဲ့တာနဲ့ ပတ်သက်ပြီး အစိုးရပြောခွင့်ရသူ ဦးဇော်ဌေးက မိမိတို့ အစိုးရဟာ နိုင်ငံတကာက စွပ်စွဲပြောကြားတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို မျက်စိမှိတ်ပြီး ငြင်းဆန်နေတာ မဟုတ်ကြောင်းနဲ့ ခိုင်လုံတဲ့အထောက်အထားတွေ ရရှိမယ်ဆိုရင် ဥပဒေနဲ့အညီ ထိရောက်စွာ စုံစမ်းအရေးယူ မှာဖြစ်ကြောင်း မနေ့က ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ အင်းဒင်ကျေးရွာကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလွှတ်မြောက်လာတဲ့ ရွာသားတွေက အသတ်ခံရတဲ့ အဲဒီလူ ၁ဝ ဦးဟာ အကြမ်းဖက်သမားတွေ မဟုတ်ဘဲ တံငါသည်တွေ၊ တောင်သူလယ်သမားတွေ၊ သစ်ခုတ်သူတွေနဲ့ ဗလီဆရာ စတဲ့ သာမန်အရပ်သားတွေဖြစ်ပြီး သူတို့ကို အစိုးရလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဘာသာရေး အစွန်းရောက်တွေက သွေးအေးအေးနဲ့ သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့