မြစ်ဆုံကိစ္စ လက်ပိုက်ကြည့်နေမှာမဟုတ်ဟု ဦးခွန်ထွန်းဦးသတိပေး

2019-04-05
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်မြို့မှာ ၂၀၁၉ ဧပြီ ၅ ရက်နေ့ကကျင်းပတဲ့ နိုင်ငံရေးပါတီတစ်ရပ်တည်ထောင်ရန် မိတ်ဖက်နိုင်ငံရေးအင်အားစုများနဲ့ တွေ့ဆုံပွဲမှာ SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ပြောကြားနေစဉ်
ရန်ကုန်မြို့မှာ ၂၀၁၉ ဧပြီ ၅ ရက်နေ့ကကျင်းပတဲ့ နိုင်ငံရေးပါတီတစ်ရပ်တည်ထောင်ရန် မိတ်ဖက်နိုင်ငံရေးအင်အားစုများနဲ့ တွေ့ဆုံပွဲမှာ SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ပြောကြားနေစဉ်
Photo: Kyaw Lwin Oo/RFA

မြစ်ဆုံနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ လုပ်သင့်လုပ်ထိုက်တာမလုပ်ရင် ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ် အစု အဖွဲ့တွေက လက်ပိုက်ကြည့်နေမှာ မဟုတ်ဘဲ သူကိုယ်တိုင် ဦးဆောင်ကန့်ကွက်သွားမယ်လို့ SNLD ကျားခေါင်းပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး က ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းက ရာမကရစ်ရှနာခန်းမမှာ ဒီနေ့ကျင်းပတဲ့ ၁၉၉ဝ ရွေးကောက်ပွဲ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့က ဦးဆောင်ပြီး နိုင်ငံရေးပါတီတရပ် ထူထောင်ဖို့အတွက် မိတ်ဖက်နိုင်ငံရေး အင်အားစုတွေနဲ့ တွေ့ဆုံပွဲမှာ ဦးခွန်ထွန်းဦးက အဲဒီလို ထည့်သွင်း ပြောကြားလိုက်တာပါ။

လက်ရှိ အဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ ဆောင်ရွက်နေတဲ့ကိစ္စ တချို့ကို အားမရတာကြောင့် ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့နဲ့ တိုင်းရင်းသားနိုင်ငံရေး ခေါင်းဆောင်တချို့ ဦးဆောင်ပါဝင်တဲ့ ပါတီကို လာမယ့် အပတ်အတွင်း ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်သွားမယ်လို့ ပါတီတည်ထောင်မယ့် ခေါင်းဆောင်တွေက ပြောပါတယ်။

အဲဒီပါတီကို ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ လက်ရှိ SNLD ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ဦးဆောင်သူ အဖြစ်ပါဝင်မယ်လို့ ဦးဒေးဗစ်လှမြင့်က ပြောပါတယ်။

ဒီအခမ်းအနားကို ၁၉၉၀ ရွေးကောက်ခံ ကိုယ်စားလှယ်လည်းဖြစ် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ လည်းဖြစ်တဲ့ ဦးခွန်ထွန်းဦး အပါအဝင် ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေ ၊ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီဝင် တိုင်းရင်းသားနိုင်ငံရေးပါတီတွေ၊ NLD ပါတီ ပြင်ပရောက် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေ နဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ရာနဲ့ချီတက်ရောက်လာတာ တွေ့ရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့လိုက်တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့