အာဇာနည်နေ့ အခမ်းအနား ကို နိုင်ငံ့ခေါင်းဆောင်များတက်ဖို့ တိုက်တွန်း

2014-07-13
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာပြုလုပ်တဲ့ ဇူလိုင် ၁၉ ရက်နေ့ အာဇာနည်နေ့ အခမ်းအနားတစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာပြုလုပ်တဲ့ ဇူလိုင် ၁၉ ရက်နေ့ အာဇာနည်နေ့ အခမ်းအနားတစ်ခုကို တွေ့ရစဉ်
Photo: AFP

လာမယ့် ဇူလိုင်လ ၁၉ရက်နေ့မှာ ကျရောက်မယ့် ၆၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကို နိုင်ငံတော်အခမ်းအနားအဖြစ် ကျင်းပပေးဖို့ အရပ်ဘက်လူမှုအဖဲ့ွအစည်း ၄၀ ကျော်က မနေ့က ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

အဲဒီ ကြေညာချက်ထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး ကဗျာချစ်သူများအသင်းက ကိုဆောင်းခက အခုလို ပြောပါတယ်။

"အစိုးရကလည်း လျစ်လျူရှုထားတယ်၊ ဟိုးအရင်နှစ်တွေတုန်းက အစိုးရကိုယ်တိုင် သဘောၤတွေ၊ မီးသတ်ကားတွေက အဲဒီအချိန်မှာ ဘာပဲလုပ်နေနေရပ်ပြီးတော့ ဥသြဆွဲတာမျိုးတွေ၊ အားလုံးမတ်တပ်ရပ်ပြီး အလေးပြုတာမျိုးတွေ တညီတညွှတ်တည်းလုပ်ခဲ့ကြတယ်၊ အခုတော့ အစိုးရက ဒါကို အမေ့ခံပစ်ထားတယ်ဗျာ၊ အဲဒါ ပြည်သူလူထုရဲ့ဆန္ဒကို အလေးထားသင့်တာပေါ့နော်"

ကြေညာချက်မှာ ၆၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို  နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော် ဥက္ကဌတွေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီချုပ်တို့ တက်ရောက်ဂါရဝပြုဖို့၊ အာဇာနည်ခေါင်းဆောင်တွေ ကျဆုံးခဲ့တဲ့ ၁၀နာရီ ၃၇မိနစ်မှာ ပုဂ္ဂလိကနဲ့ နိုင်ငံပိုင်မီဒီယာတွေကနေ တစ်မိနစ်ကြာ သြဥဆွဲအသံလွှင့်ပေးဖို့၊ ဇူလိုင်လ ၁၇ ရက်ကနေ ၁၉ ရက်နေ့အထိ အာဇာနည်ခေါင်းဆောင်တွေရဲ့ ကိုယ်ရေးရာဇဝင်နဲ့ ဆောင်ရွက်ချက်တွေကို နိုင်ငံပိုင် မီဒီယာတွေကနေ ထုတ်လွှင့်ပေးဖို့ ပါရှိပါတယ်။

အဲဒီအရပ်ဘက် လူမှုအဖဲ့ွအစည်းတွေက ၆၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွေကို စုပေါင်းကျင်းပသွား မှာဖြစ်တယ်လို့လဲ သိရပါတယ်။

ကွန်မင့်များ (2)
Share

(

လွတ်လပ်ရေးအတွက်အသက်ပေးဆတ်သွားခဲ့ ကြတဲ့ အာဇာနည်သူရဲကောင်းတွေဟာ အခုသက်ရှိ အာဇာနည်သူရဲကောင်းတွေနဲ့ အတူ
အမေအောင်ဆန်း တို့နဲ့အတူတာဝန်တွေ ထန်းဆောင်နေမှာပါ ခေတ်အဆက်ဆက် အမြဲတမ်းရှင်သန်လို့နေမှာပါ။
---

Jul 14, 2014 01:43 PM

Myo Chit

နေရပ်- Myanmar

အစတည်းက မတက်ချင်လို့လစ်လျူ ရှုထားတာ ဖြစ်လို့ အဲဒီလို တိုက်တွန်းရင် ပိုအရွဲ့ တိုက်ပြီးတက် မှာ မဟုတ်ဘူး။

Jul 14, 2014 12:06 AM

မုန့်သာ ဝေစားနိုင်မယ်

နရေပျ- “ဟာဝှာ”တော့ မဝေနိုင်ပေါင်

တော်ကြာ “ဟို နိုင်ငံ” က ဗုံးလာထောင်ရင် ”ရ ထား ရှာထား” တာလေး “နောက်လင်”တွေ စားဖို့ ဖြစ်သွားမှာပေါ့။

Jul 15, 2014 12:15 AM

ဆိုက်တခုလုံးသို့