မြန်မာ အိန္ဒိယ နယ်စပ် ကုန်သွယ်ရေး မီဇိုရမ်မှာလည်း စတော့မည်

2015-03-19
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မီဇိုရမ်ပြည်နယ်မှာလည်း မြန်မာ အိန္ဒိယ တရားဝင် ပုံမှန်နယ်စပ်ကုန်သွယ်ရေး မကြာခင် စတင်တော့မယ်လို့ သိရပါတယ်။

လာမယ့် မတ်လ ၂၅ ရက်နေ့ မီဇိုရမ်ပြည်နယ်အရှေ့ပိုင်း ချမ်ဖိုင်းခရိုင်၊ ဇိုခေါသာရွာမှာ အကောက်ခွန် စခန်းတစ်ခုကို အိန္ဒိယကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီး နာမရာ စီသာရာမန်နဲ့ မြန်မာအစိုးရ ကုန်သွယ်ရေးဝန်ကြီး ဦးဝင်းမြင့်တို့ တက်ရောက်ဖွင့်လှစ်မှာဖြစ်ပြီး၊ အဲ့ဒီဖွင့်ပွဲနဲ့အတူ မီဇိုရမ်ကတဆင့် နှစ်နိုင်ငံ တရားဝင်ပုံမှန် နယ်စပ်ကုန်သွယ်ရေး စတင်မှာဖြစ်တယ်လို့ မိဇိုရမ်ပြည်နယ် စီးပွားရေးနဲ့ စက်မှုဌာနက ပြောပါတယ်။

မြန်မာနဲ့ အိန္ဒိယကြား ကုန်သွယ်မှုပမာဏဟာ ၂ဝ၁၃ - ၂ဝ၁၄ ဘဏ္ဍာရေးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂ ဘီလျံကျော်ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့လက မြန်မာနဲ့ အိန္ဒိယ ပူးတွဲကုန်သွယ်ရေးကော်မတီ (၅) ကြိမ်မြောက် အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။

ဒီအတွင်း မြန်မာနဲ့ အိန္ဒိယကြား ကုန်သွယ်ရေး တိုးတက်ကောင်းမွန်ဖို့အတွက် အိန္ဒိယ မြန်မာနယ်စပ် ဘန်ရှောင်မြို့နေ မြစ်ကြီးနားကို ဆက်သွယ်မယ့် လမ်းတစ်လမ်းကို တရုတ်အစိုးရ ဖေါက်လုပ်ပေးဖို့ စီစဉ်နေကြောင်း သိရပါတယ်။

အဲ့ဒီလမ်းဟာ ဒုတိယကမ္ဘာစစ်အတွင်းက နာမည်ကျော် သမိုင်းဝင် Sitwell လမ်းနဲ့ ပြန်လည်ဆက်သွယ်မှာဖြစ် လို့၊ မြန်မာ၊ အိန္ဒိယနဲ့ တရုတ်ပြည်တို့ကို ဆက်စပ်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် ဒီလမ်းဟာ BCIM ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယနဲ့ မြန်မာ စီးပွားရေးစြင်္ကန်လမ်းနဲ့လည်း ဆက်သွယ်မယ်လို့ ယူနန်ပြည်နယ် အရာရှိတစ်ဦးကပြောပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့