မနေ့က ကချင်ပြည်နယ် မိုင်ဂျာယန်မြို့မှာ KIO အဖွဲ့က မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ တအန်းပလောင်TNLA ရခိုင်တပ်မတော် AA နဲ့ ကိုးကန့် MNDAA အဖွဲ့သုံးဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ်လ ၂၁ရက်နေ့က KIO အဖွဲ့နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC တွေ့ဆုံခဲ့တာတွေကို ရှင်းပြတာဖြစ်တယ်လို့ TNLA အဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောပါတယ်။ ဒါပေမဲ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အသေးစိတ်ကို ပြောဆိုခြင်းမရှိပါဘူး။
KIO အဖွဲ့အနေနဲ့ NRPC နဲ့ တွေ့ဆုံစဉ်မှာ မိမိတို့ အဖွဲ့အနေနဲ့ ဆွေးနွေးပွဲများကို တဖွဲ့ချင်း အပစ်ရပ်စာချုပ် ချုပ်ဆိုခြင်းမရှိသေးတဲ့ ရခိုင့်တပ်မတော်၊ တအန်းပလောင်နဲ့ ကိုးကန့်အဖွဲ့များနဲ့အတူ ဆွေးနွေးပွဲတက်ရောက်လိုတယ်လို့ တောင်းဆိုထားပါတယ်။
ဒီအတောအတွင်း မြန်မာနိုင်ငံငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ကြားဝင်ဆောင်ရွက်ပေးနေတဲ့ တရုတ်အထူးကိုယ်စားလှယ် ဆွန်ကိုရှန်း နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ သုံးဖွဲ့ မနက်ဖြန်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကူမင်းမြို့မှာ တွေ့ဆုံဖို့ ရှိတယ်လို့ AA အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြောပါတယ်။