ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေ မတွေ့ဖြစ်

2016-12-31
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေ ပန်ဆန်းမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပေမယ့် တွေ့ဆုံပွဲ ပျက်သွားတယ်လို့ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးအောင်စိုး က ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေဘက်က မလာတဲ့အတွက် တွေ့ဆုံပွဲပျက်သွားတာလို့  ပြည်ထောင်စုငြိမ်း ချမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက ပြောပါတယ်။

"ပထမဆုံးတော့ သူတို့ ကျနော်တို့နဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိတယ်။ နောက်ပိုင်း သူတို့ဘက်က မလာဘူးတဲ့။ အဲဒီတော့ သူတို့ဘက်ကမလာတော့ ကျနော်တို့နဲ့ မတွေ့ဖြစ်ဘူး။ ကျွန်တော်တို့ဘက်ကတော့ တွေ့ဖို့က အဆင့်သင့်ရှိတယ်။ အမြဲတမ်း တစ်ဖွဲ့ချင်းတွေ့ရင် တစ်ဖွဲ့ချင်းစီရဲ့ သဘောထားတွေသိရမယ်။ မတွေ့တော့ လည်း အချို့ဟာတွေ အဖြေထုတ်ရခက်တာပေါ့"

ကချင်၊ တအာင်း၊ ရခိုင်နဲ့ ကိုးကန့်တပ်ဖွဲ့တွေ ပူးပေါင်းထားတဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင် တွေ့ဆုံပွဲကို ဒီဇင်ဘာလ ကုန်ပိုင်းမှာ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA နယ်မြေမှာ ပြုလုပ်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

ပန်ဆန်းမြို့မှာ တွေ့ဆုံမှာနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးကေ်ာမရှင်ဖက်က ကြိုတင် အကြောင်းကြားထားခြင်း မရှိဘူးလို့ တပ်ပေါင်းစု ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောပါတယ်။

"မူလက ကျနော်တို့ကိုပြောတယ်၊ ကျနော်တို့လည်း တွေ့ဆုံဖို့လက်ခံတယ်၊ ဒါပေမဲ့ ဒီကြားမှာပေါ့ "ဝ" အဖွဲ့ကို အစည်းအဝေးမှာ တက်ပြီးနားထောင်ပေးဖို့ ကျနော်တို့က အဆိုပြုထားတယ်၊ အဲဒီမှာ သူတို့က ပြန်ပြီး တင်ပြမယ်လို့ပြောတယ်၊ ဘာမှအကြောင်းမပြန်သေးဘူး၊ ဘယ်နေ့ဆိုတာလည်း မသိရသေးဘူး၊ သူတို့က ဘာမှပြန်ပြီးပြောကြတာလည်း မရှိဘူး၊ အဲဒါကြောင့်မို့လို့ တွေ့ဆုံပွဲက မဖြစ်သေးဘူး"

မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုနဲ့ တပ်မတော်ကြားမှာ လက်ရှိအချိန်အထိ စစ်ရေးတင်းမာနေပြီး ဒီနေ့ဆိုရင် ကွတ်ခိုင်- မူဆယ်လမ်းမနဲ့ နမ္မတူ-မန်တုံမြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင်ဟာ ကချင်၊ တအာင်း၊ ရခိုင်နဲ့ ကိုးကန့် တပ်ဖွဲ့တွေ ပူးပေါင်းထား တဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ တွေ့ဆုံပွဲ မဖြစ်မြောက်ခဲ့ပေမယ့် UWSA နဲ့ မိုင်းလားအထူးဒေသ (၄) တို့က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး မိုင်းလားဒေသမှာ တပ်စွဲထားတဲ့ UWSA တပ်ဖွဲ့တွေ ပြန်လည် ဆုတ်ခွာပေးဖို့ကိစ္စ ဆွေးနွေးခဲ့တယ်လို့ ဦးအောင်စိုးက ပြောပါတယ်။

ဒုတိယဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ကစပြီး ပန်ဆန်းမြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။

ကွန်မင့်များ (3)
Share

နှစ်‌သစ်‌မှာ

ဒီ၄ဖွဲ့ပဲဟိုအ‌ကြောင်‌းပြ ဒီအ‌ကြောင်‌းပြနဲ့အမျိုးမျိုး‌ပြော‌နေတယ်‌။
အခုလည်‌း ၀ ထိန်‌းချုပ်‌နယ်‌မှာ‌တွေဖို့ဖိတ်‌‌တော့လည်‌းမလာ။မ‌အေးချမ်‌းတဲ့နယ်‌‌မြေ‌တွေကဒီ၄ဖွဲ့ရှိ‌နေတဲ့နယ်‌‌မြေ‌တွေပဲ။ ယင်‌းနယ်‌‌မြေရှိ တိုင်‌းရင်‌းသားများအတွက်‌ စိတ်‌မ‌ကောင်‌းပါ။


ဒါ‌ကြောင်‌့ ငြိမ်‌းချမ်‌း‌ရေးကိုအဟန်‌့အတားပြု‌နောက်‌ယှက်‌‌နေသည်‌့ တိုင်‌းပြည်‌တည်‌ငြိမ်‌‌ရေးကိုနည်‌းမျိုးစုံဖြင်‌့ အဖျက်‌အ‌မှောင်‌့လုပ်‌‌နေသည်‌့ စုန်‌းပြူးးများအားလုံးကို နှစ်‌သစ်‌မှာ တိုင်‌းပြည်‌အကျိုး ပြည်‌သူတရပ်‌ လုံးအကျိုးစီးပွားအတွက်‌ အမြစ်‌ပြတ်‌‌ချေမူန်‌းနိုင်‌ပါ‌စေ။

တနည်‌အားဖြင်‌့ နှစ်‌သစ်‌မှာ ငြိမ်‌းချမ်‌း‌ရေးကို အမှန်‌တကယ်‌လိုခြင်‌သူများနှင်‌့တိုင်‌းပြည်‌ဖွံဖြိုးတိုးတက်‌‌တည်‌ငြိမ်‌‌အေးချမ်းမူကို ပြည်‌သူတရပ်‌ လုံးအတွက်‌အတူတကွ‌ဆောင်‌ရွက်‌နိုင်‌ပါ‌စေ ဆု‌တောင်‌းပါသည်‌။

Dec 31, 2016 09:05 PM

လာခြင်‌ရင်‌အနီး‌လေး မလာခြင်‌ရင်‌ ဆင်‌‌ခြေ‌ပေးဆိုစကားကဲ့သို့  ...

မည်‌သို့ပင်‌‌မျောက်‌ပိုင်‌းအကြမ်‌းဖက်‌အဖွဲ့‌တွေက‌ အ‌ကြောင်‌းစုံမရိုး
နိုင်‌‌အောင်‌‌‌ဆင်‌‌ခြေများ‌ပေးကာ‌ဆွေး‌နွေးပွဲသို့မလာ‌သော်‌လည်း

ငြိမ်‌းချမ်‌း‌ရေးကိုယ်‌စားလှယ်‌များ၏တိုင်‌းပြည်‌အတွက်‌စိတ်‌ရင်‌း
အပြည်‌့ဖြင်‌့ကြိုးပမ်‌း‌နေမူများကိုချီးကျူးးပါသည်‌။


အ‌မေစု‌ပြောသလို ဘယ်‌သူက ငြိမ်‌းချမ်‌း‌ရေးလိုခြင်‌လဲ
ဘယ်‌သူကမလိုခြင်‌ဖူးလဲဆိုသည်‌့ စကားကတဖြည်‌း၂နဲ့ရုပ်‌လုံး‌ပေါ်လာပီဟု ပြည်‌သူတဦးအ‌နေဖြင်‌ ဖြစ်‌စဉ်‌များကိုကြည်‌့ပီး
ခံစား‌နေရပါသည်‌။

Dec 31, 2016 09:19 AM

ဦးဘ၀င္‌း

့‌မြောက်‌ပိုင်‌းလို့‌ခေါ်တဲ့အ‌ဖွဲ့‌တွေရဲ့ငြိမ်‌းချမ်‌း‌ရေးရလိုမူရှိမရှိ
က‌‌‌မေးခွန်‌းထုတ်‌စရာ ဖြစ်‌လာပီ။

Dec 31, 2016 09:07 AM

ဆိုက်တခုလုံးသို့