ငြိမ်းချမ်းရေးကော်မရှင် နဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေ တေ့ွဆုံမည်

2016-12-24
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်ဟာ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုတွေနဲ့ ဒီလကုန်လောက် မှာ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ကော်မရှင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးက ပြော ပါတယ်။

အဲဒီတွေ့ဆုံဆွေးနွေးပွဲအတွက် အသေးစိတ်ညှိနှိုင်းနေတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုး က ပြောပါတယ်။

"ကျနော်တို့တော့ ဘယ်လိုပြောမလဲဗျာ။ ဒီမှာညှိနှိုင်းနေဆဲပေါ့။ ဘယ်လိုတွေ့မလဲဆိုတာ။ သူတို့ကတော့ အကုန်ပေါင်းတွေ့မယ်လို့ ကြေညာချက် ထုတ်ထားတယ်။ ကျွန်နော်တို့ အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။ ကျွန်တော်တို့ ၂၈ ရက်နေ့ထွက်မှာပါ။ သွားတွေ့မှာ ဘယ်လိုတွေ့ဆုံမလဲ ဆိုတာကတော့ ကျနော်တို့ ဒီမှာညှိနှိုင်းနေဆဲရှိပါသေးတယ်"

အဲဒီတွေ့ဆုံဆွေးနွေးပွဲမှာ တပ်မတော်ဘက်က ကိုယ်စားလှယ်တွေလည်း ပါဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုတို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဒီဇင်ဘာလ ၁ ရက်နေ့က တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ခဲ့ပေမယ့်လည်း ညှိနှိုင်းမှု အဆင်မပြေတာကြောင့် တွေ့ဆုံပွဲ ပျက်သွားခဲ့ပါတယ်။

ငြိမ်းချမ်းရေးကော်မရှင်က မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုအဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် တပ်တွေကို တစ်ဖွဲ့ချင်းတွေ့ဖို့ ကမ်းလှမ်းပေမယ့် မြောက်ပိုင်းမဟာမိတ် တပ်တွေကတော့ အားလုံးစုပေါင်းတွေ့ဆုံမှသာ လက်ခံဆွေးနွေးမယ်ဆိုပြီး ပြန်ကြားခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ဒီဇင်ဘာ လလယ်ပိုင်းမှာတော့ ကော်မရှင်က နောက်ထပ်တွေ့ဆုံဖို့ ကမ်းလှမ်းခဲ့ပြီး မြောက်ပိုင်း မဟာမိတ်တပ်တွေဘက်က အားလုံးစုပေါင်းတွေ့ဆုံမယ့်အပြင် တရုတ်အစိုးရကို သက်သေအဖြစ်ထားပြီး ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ပါ ပါဝင် တွေ့ဆုံဆွေးနွေးဖို့ ဒီဇင်ဘာလ ၂၂ ရက်နေ့ မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်မှာ ကချင်၊ ကိုးကန့်၊ တအာင်းပလောင်နဲ့ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ စုပေါင်းဖွဲ့စည်း ထားတဲ့ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုနဲ့ တပ်မတော်ကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး ဒေသခံတိုင်းရင်း သားတွေ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

ကွန်မင့်များ (5)
Share

အမည်မဖော်လိုသူ

တိုင်းရင်းသားတို့ရဲ့ စည်းလုံးမှုကိုတော့လေးစားပါတယ်.
သူတို့သာဒီလို မစည်းလုံးရင် သူတို့တွေပဲနစ်နာမှာ.
အမှန်တော့ တိုင်းရင်းသားနဲ့အစိုးရကြားယုံကြည်မှုအားနည်းလာအောင်အစိုးရမှာ အများကြီးမူတည်ပါတယ်.
တကယ်လို့သူတို့၅ ဖွ့ဲထဲက ၃ ဖွ့ဲသာဒီငြိမ်းချက်းရေးကို ပါဝင်မယ်ဆိုရင် ဒါတကယ့်စစ်မှန်တဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မှာမဟုတ်ပါဘူး.
ကျွန်တော်တို့အားလုံးသည် ဒီပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးနှင့်အရမ်းကိုသက်ဆိုင်ပါတယ်. ဒီပြည်တွင်းစစ်ကြီးကိုပြန်ကြည့်မယ်ဆိုရင် တိုင်းရင်းသားနဲ့ပြည်သူတွေဟာအနစ်နာခံရဆုံးလူတွေပါ.
စောင့်သင့်ရင်တော့စောင့်ရမှာ..

Jan 05, 2017 04:53 AM

ဆို‌‌စေမြဲ‌စေ

တိုင်‌းရင်‌းသားအားလုံးသည်‌ အ‌ခြေခံအားဖြင်‌့ရိုးသားပီး အင်္ဂလိပ်‌ လို‌‌ပြောရင်‌ Loyality လည်‌းရှိပါသည်‌

တိုင်‌းရင်‌သားတို့၏ရိုးသားသည်‌့ကတိတည်‌သည်‌့ ဝိ‌သေသဂုဏ်‌ပုဒ်‌ များသည်‌တိုင်‌းသားအမည်‌တတ်‌လက်‌နက်‌ကိုင်‌‌‌ဆောင်‌ကာ‌ရှေစကားနဲ့‌နောက်‌စကားမညီ၊

ခုတမျိုး‌တောင်‌း‌‌နောက်‌တခါတမျိုး‌တောင်‌း‌။‌‌ပြော‌တော့တမျိုးလုပ်‌‌တော့တမျိုးနဲ့လုပ်‌‌နေတဲ့‌‌

KIA TNLA MNDAA AAကဲ့သို့အဖွဲ့များ‌ကြောင်‌့တိုင်‌းရင်‌းသားတို့ ၏ရိုးသားသည်‌့ဂုဏ်‌များ၊ Loyality ရှိမူများ၊ကတိတည်‌မူများကိုအကျိုးသက်‌‌ရောက်‌ကာတဖြည်‌ဖြည်‌း‌မှေးမှိန်‌လာသည်‌ကို စိတ်‌မ‌ကောင်‌းစွာ‌တွေ့မြင်‌‌နေရပါသည်‌။

ယင်‌းတိုင်‌းရင်‌းသာအမည်‌ခံလက်‌နက်‌ကိုင်‌‌ဆောင်‌သူများသည်‌
ယခင်‌က၃ဖွဲ့‌ပေါင်‌းမှ‌တွေ့မည်‌‌ပြောသည်‌
တဖန်‌ ၄ဖွဲ့‌ပေါင်‌းမှ‌။‌တွေမည်‌ဟ‌ု‌ပြောပြန်‌သည်‌။
ယခုတခါ ၄+၁ မှလို့ဆိုပြန်‌သည်‌။

ဒါ‌ကြောင်‌့ ရိုးသာသည်‌့ Loyality ရှိသည်‌့ ကတိတည်‌သည်‌့
ငြိမ်‌းချမ်‌း‌ရေးကိုပြင်‌းပြစွာလိုလားသည်‌့ တိုင်‌းရင်‌းသားပြည်‌သူများ အ‌နေဖြင်‌့ ယင်‌းတို့၏‌ကောင်‌းမွန်‌သည်‌့ဂုဏ်‌များမညိုးနွမ်‌း‌စေရန်‌
ဝိုင်‌းဝန်‌းကာကွယ်‌တာဆီးရန်‌ တာဝန်‌ရှိပါ‌ကြောင်‌း အကြံပြုလိုပါ
သည်‌။

တို‌င်‌းရင်‌းသာနယ်‌‌မြေများအပါအဝင်‌ ပြည်‌‌ထောင်‌စုကြီး‌အေးချမ်‌းသာ ယာဖွံဖြိုးတိုးတ်‌ပါ‌စေ။

Dec 25, 2016 07:52 PM

ဘာလဲ ဘယ္‌လဲ

အရင်‌က ၃ဖွဲ့ ။ယင်‌း၃ဖွဲ့ကိုအစိုးရတပ်‌မ‌တော်‌ကလိုက်‌‌လျောနိုင်‌သမျှ လိုက်‌‌လျော‌‌‌ပေးတာ‌တောင်‌ အဆင်‌မ‌ပြေဖူး။ အရိုးများလို့ဂျီးများ
လို့နဲ့။

အဲဒီက‌နေ ဆရာကြီ KIA ကိုယ်‌တိုင်‌ပါလာပီး ၄ဖွဲ့ ဖြစ်‌လာပီး
အရပ်‌သားပစ်‌မှတ်‌ဦးတည်‌တဲ့အကြမ်‌းဖက်‌လုပ်‌ရပ်‌‌တွေရှမ်‌း‌မြောက်‌မှာလုပ်‌ပြန်‌တယ်‌။

အစိုးရတပ်‌မ‌တော်‌‌ဘက်‌က‌နေ‌သဘာထားကြီးစွာ‌ဆွေး‌နွေးဖို
လုပ်‌‌တော့ တခါ ၄ဖွဲ့နဲ့အားမရလို့ ဆရာ့ဆရာကြီး
"ဝ" ပါမှဆိုပီး‌ကြေငြာချက်‌ထုတ်‌တယ်‌။

အဲဒီ‌တော့ တို‌က်‌ပွဲနဲ့ပတ်‌သက်‌မူမရှိတဲ့ "ဝ" မပါရင်‌ အစိုးရနဲ့ တပ်‌မ‌တော်‌နဲ့မ‌ဆွေး‌နွေး‌တော့ဖူးလား‌။‌ဒါမှမဟုတ်‌‌ဆွေး‌နွေးပွဲ
မဖြစ်‌‌‌အောင်‌လုပ်‌‌နေတာလား။

Dec 25, 2016 04:32 AM

ဦးဘ၀င္‌း

အစိုးရ၏ငြိမ်‌းချမ်‌း‌ရေးအတွက်‌ကြိုးပမ်‌း‌နေမူမျာကို‌ထောက်‌ခံကြိုဆိုပါ
သည်‌

တခုပဲရှိပါသည်‌ အဆိုပါအဖွဲ့၄ဖွဲ့သည်‌
ပါးစပ်‌ကငြိမ်‌းချမ်‌း‌ရေးလို့ တဆာဆာ‌အော်‌‌နေပီး လက်‌‌တွေ့အစိုးရ ကဖိတ်‌‌ခေါ်သည်‌့အခါတိုင်‌း ဟိုလိုမဟုတ်‌လို့ပါ ဒီလိုမဟုတ်‌လို့ပါလို့လုပ်‌‌နေသမျှ‌ဆွေး‌နွေးပွဲသည်‌အထမ‌မြောက်‌သာဖြစ်‌ပါလိမ်‌့မည်‌။

ယခုလည်‌းထပ်‌ပီး ယခင်‌တုန်‌းက‌ပြောဆိုမူများနှင်‌့ ဆန်‌ကျင်‌ပီး
၀ အဖွဲ့ပါဝင်‌‌ရေး တရား‌သေဆုတ်‌ကိုင်‌လာပြန်‌‌သော‌ကြောင်‌့
ယင်‌းအဖွဲ့ ၄ဖွဲ့သည်‌အ‌နေအထားသ‌ဘောထားသည်‌‌မေးခွန်‌း
ထုတ်‌စရာဖြစ်‌‌နေပါသည်‌။

ရိုးသားမူရှိမှသာ လက်‌‌တွေ့ ကြသည်‌့‌တောင်‌းဆို‌မူပြုလုပ်‌မှသာ
ငြိမ်‌းချမ်‌း‌ရေး‌ဆွေး‌နွေးပွဲသည်‌‌အောင်‌မြင်‌မည်‌ဖြစ်‌ပါသည်‌

Dec 24, 2016 09:56 PM

အဖြူအမဲသဲကွဲ‌တော့မည်‌

ဒီ၄ဖွဲ့က တမျိုးပီးတမျိုးမရိုးနိုင်‌‌အောင်‌‌တောင်‌းဆို‌နေပါလား

အခုလည်‌း ၀ ကို ပါရမယ်‌လုပ်‌ပြန်‌ပီ

ဘ‌ကြောင်‌့လဲ ?

၀ က ဒီ၄ဖွဲ့ရဲ့‌နောက်‌ကွယ်‌ကဆရာဖြစ်‌‌နေလို့လား ?
၀ က ဒီ၄ဖွဲ့ကို လက်‌နက်‌‌တွေ လူ‌တွေ‌ထောက်‌ပံ‌နေလို့
ဝရဲ့သြ ဇာမကင်‌းလို့လား ?
၀ ကို တိုက်‌ပွဲထဲပါ‌အောင်‌ပိုရှတ်‌‌အောင်‌ ဒီ၄ဖွဲ့က ဆွဲ‌ခေါ်‌နေတာလား?

ကြည်‌့ရတာ ဒီ၄ဖွဲ့ကငြိမ်‌းချမ်‌း‌ရေးတကယ်‌လိုခြင်‌တာလား
မရှတ်‌ရူတ်‌‌အောင်‌လုပ်‌‌နေတာလားဆိုတာ
သံသယဖြစ်‌စရာပဲ

ရိုးသားမူမရှိပဲ‌နောက်‌ကွယ်‌အခြားအကြံစည်‌‌တွေနဲ့လုပ်‌‌နေရင်‌‌တော့ အဖြူ အမဲပိုပီးသဲသဲကွဲကွဲဖြစ်‌လာ‌တော့မယ်‌





Dec 24, 2016 08:21 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့