နိုင်ငံရေး အခင်းအကျင်းသစ်နဲ့ စိန်ခေါ်မှုများအကြောင်း ဆွေးနွေး

2014-01-10
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ ဇန်နဝါရီလ ၁ဝ ရက်နေ့က ကျင်းပတဲ့ ၂၀၁၄ ခုနှစ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေး အခင်းအကျင်းသစ်နဲ့ စိန်ခေါ်မှုများခေါင်းစဉ်နဲ့ ဆွေနွေးပွဲ ကို တွေ့ရစဉ်
ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ ဇန်နဝါရီလ ၁ဝ ရက်နေ့က ကျင်းပတဲ့ ၂၀၁၄ ခုနှစ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေး အခင်းအကျင်းသစ်နဲ့ စိန်ခေါ်မှုများခေါင်းစဉ်နဲ့ ဆွေနွေးပွဲ ကို တွေ့ရစဉ်
Photo: RFA

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင် ကြမှာဖြစ်ပေမယ့် အများသဘောတူ လက်ခံတဲ့ ပြင်ဆင်ချက်အဆင့်ထိတော့ မဖြစ်နိုင်သေးဘူးလို့ထင်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်ပြင်ပက ကြိုးပမ်းမှုတွေ အားကောင်းလာရင် နောက်ကြောင်း ပြန် လှည့်တာတွေ ဖြစ်လာနိုင်တယ်လို့လည်း အမျိုးသားလွှတ်တော် အကြံပေး စာရေးဆရာ ဦးကျော်ဝင်းက ဒီကနေ့ ပြောပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီမှာ ကျင်းပတဲ့ ၂၀၁၄ ခုနှစ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေး အခင်းအကျင်းသစ်နဲ့ စိန်ခေါ်မှုများခေါင်းစဉ် နဲ့ ဆွေနွေးပွဲမှာ ဆရာ ဦးကျော်ဝင်းက အခုလို ပြောကြားခဲ့တာပါ။

“သူတို့ပြင်ဆင်တဲ့ ပြင်ဆင်ချက်ဟာ အများသဘောတူလက်ခံတဲ့ ပြင်ဆင်ချက် မဟုတ်ဖို့များပါတယ်၊ လွှတ်တော်တွင်း နိုင်ငံရေး ကို မေးကြည့်လိုက်တော့ လွှတ်တော်က နိုင်ငံရေး နဲ့ လိုချင်တာကို ရအောင်ယူမယ်ဆိုတဲ့ လမ်းကြောင်းအပေါ်စီးရသွားရင် လက်ရှိအခြေအနေအရ သူတို့ ၂ဝဝ၈ ဖွဲ့စည်းပုံမှာပါတဲ့ စိုးရိမ်သောကတွေ ပိုအားကြီးပြီးတော့ တည့်တည့်ပြောလို့ ရှိရင်တော့ နောက်ကြောင်းပြန် အန္တရာယ်ကို တည့်တည့်ကြီးတိုးဖို့ များပါတယ်”

၂၀၁၄ ခုနှစ်မှာ အစိုးအဖွဲ့တွင်းက ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေသူတွေအနေနဲ့ သဘောထား တင်းမာသူတွေကို ထိန်းနိုင်တဲ့ အနေအထားရှိရမှာဖြစ်သလို အတိုက်အခံဘက်မှာလည်း အလားတူ ထိန်းသိမ်းနိုင်စွမ်းရှိရမယ်လို့ ဆရာဦးကျော်ဝင်းက ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ဦးဆောင်ကျင်းပတဲ့ အဲဒီဆွေးနွေးပွဲမှာ  ဆရာဦးကျော်ဝင်း၊ ဆရာဖေမြင့်တို့အပြင် ဦးရဲနိုင်အောင်၊ ဦးအောင်သူငြိမ်းတို့က ဦးဆောင်ဆွေနွေးခဲ့ကြတာ နိုင်ငံရေး၊ လူမှုရေးနယ်ပယ်အသီးသီးက စိတ်ပါဝင်စားသူ ၂၀၀ ကျော်တက်ရောက်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲအကြောင်း ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

ဥပဒေပြင်ဖို့ အစိုးရကလည်း ကြိုးပမ်းနေပါတယ်။ မျက်လှည့်ဆရာရဲ့ လက်လှည့်ပြကွက်လို ဟိုလှည့်ဒီလှည့်နဲ့ အချိန်ဆွဲမှာပါပဲ။ ဦးရွှေမန်း သမ္မတသက်တမ်း (၂ ကြိမ်) အတွင်းမှာ အပြန်အလှန် အကြိတ်အနယ် ထက်အောက်စုန်ဆန် အခြေအတင် ထဲထဲဝင်ဝင် လက်ပွန်းတတီး ခြေခြေမြစ်မြစ် ပွင့်လင်းမြင်သာ ကျယ်ကျယ်လောင်လောင် ဆွေးနွေးပြီး (ဖွားစု အသက် ၈၀ ပြည့်တော့မှ) ပြင်ဖို့ ပြည်လုံးကျွတ် ဆန္ဒခံယူနိုင်မှာပဲ။ ( တနေ့ တလံ ၊ ပုဂံ ဘယ်ရွေ့မလဲ.. ဟဲဟဲ .. သိတယ်နော်)

Jan 14, 2014 09:36 PM

ဆိုက်တခုလုံးသို့