နိုင်ငံရေးက မညစ်ပတ်၊ လူတချို့ကသာ ညစ်ပတ်

2014-12-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဗိုလ်ချုပ်နှစ်တစ်ရာပြည့် မွေးနေ့အကြို ဂုဏ်ပြုပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဒီဇင်ဘာလ ၂ဝ ရက်နေ့က မိန်းခွန်းပြောကြားစဉ်
ဗိုလ်ချုပ်နှစ်တစ်ရာပြည့် မွေးနေ့အကြို ဂုဏ်ပြုပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဒီဇင်ဘာလ ၂ဝ ရက်နေ့က မိန်းခွန်းပြောကြားစဉ်
Photo: Kyaw Htoon Naing, Kyaw Zaw Win/ RFA

နိုင်ငံရေးဆိုတာ ညစ်ပတ်တဲ့အလုပ်မဟုတ်၊ နိုင်ငံရေး လုပ်သူတချို့ကသာ ညစ်ပတ်ကြတာဖြစ်ကြောင်း၊ လူငယ်တွေအနေနဲ့ နိုင်ငံရေးကို စိတ်ဝင်စားကြစေ လိုကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြား ခဲ့ပါတယ်။

ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်မှာ မနေ့ညကကျင်းပခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁ဝဝ)ပြည့် မွေးနေ့အကြို ဂုဏ်ပြုဖျော်ဖြေပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားခဲ့တာပါ။

"ဒီမိုကရေစီရဖို့ ကြိုးစားတယ်ဆိုတာ အများအတွက်ကြိုးစားတာဖြစ်ရပါလိမ့်မယ်၊ ကိုယ်တစ်ဦးတစ်ယောက်အတွက် ကိုယ့်အဖွဲ့ အစည်းအတွက်သာ ကြိုးစားမယ်ဆိုလို့ရှိရင် ဒီမိုကရေစီဆိုတဲ့ စိတ်ဓါတ်နဲ့ကို ဆန့်ကျင် ရာရောက်ပါတယ်၊ နိုင်ငံရေးနဲ့ပတ်သက်လို့လည်း တချို့ကလည်း နိုင်ငံရေးကပဲ မကောင်းသလိုလို ပြော တဲ့အခါကျတော့ ဖေဖေက ဒီကိစ္စကိုလည်းပြောခဲ့ဖူးပါတယ်၊ နိုင်ငံရေးက ညစ်ပတ်တာမဟုတ်ဘူး ၊ နိုင်ငံရေးလုပ်တဲ့သူတချို့ကသာ ညစ်ပတ်တာလို့ ပြောပါတယ်၊ ပြည်သူတွေကနေပြီးတော့ သန့်ရှင်း တဲ့နိုင်ငံရေး တကယ့်နိုင်ငံပေါ်မှာစေတနာထားတဲ့ နိုင်ငံမျိုးကိုလုပ်ပြပါ၊ အဲ့ဒီလုပ်နိုင်တာကိုလည်း ဂုဏ်ယူကြပါ"

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ်ကျင်းပတာဟာ လူတစ်ယောက်ကို ဂုဏ်ပြုတယ်ဆိုတာထက် အရည်အချင်းကို ဂုဏ်ပြုတာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ခိုင်ခိုင်မာမာရောက်ရှိဖို့အတွက် အားလုံးက ဝိုင်းဝန်း ကြိုးစားရမှာဖြစ်ကြောင်း၊ အခုလို တိုင်းပြည်မှာ အရည်အချင်းရှိတဲ့ လူငယ်တွေ အများအပြားလိုအပ်နေချိန်မှာ လူငယ်တွေအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို စံနမူနာထားပြီး ကြိုးစားကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

မနေ့ညက ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်းနှစ် ၁ဝဝ ပြည့် မွေးနေ့အကြို ဂုဏ်ပြုဖျော်ဖြေပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်လူငယ် (ဗဟို)က ဦးဆောင်ကျင်းပတာဖြစ်ပြီး သီးလေးသီးအငြိမ့်အဖွဲ့က သီချင်း၊ ပြဇာတ်တွေ နဲ့ ဖျော်ဖြေခဲ့ကြပါတယ်။

ကွန်မင့်များ (2)
Share

အမည်မဖော်လိုသူ

အင်မတန်မြင့်မြတ်တဲ့ တုနျှိင်းမရတဲ့ အောင်ဆန်းသွေးကို ဘယ်သူဇာတ်ပျက်အောင်လုပ်လိုက်တာလဲ ဘယ်သူအိန္ဒိယပို.လိုက်တာလဲ၊ နိုင်ငံတော်ကို ပညာဂုဏ် သမာဓိဂုဏ် သီလဂုဏ် တို့ဖြင့် ပြီးပြည့်စုံသူများ ဦးဆောင်အုပ်ချူပ်နိုင်ပါစေ၊

Dec 22, 2014 08:33 AM

ျမန္မာမ်ိဳးး

နေရပ်- မ်ိဳးးျမန္မာ

အောင်ဆန်းသွေး ဘယ်တုန်းက “ဇာတ်ပျက်”လို့လဲ။ နိုင်ငံ့တာဝန် ထမ်းဆောင်တဲ့အမေ့နောက်လိုက်သွားတာပါ ၊ “အပို့ခံရတာ” မဟုတ်ပါဘူး။
အောင်ဆန်းသွေး “နီ”ပါတယ်။ မြန်မာ့သွေး “ရဲ”ပါတယ်။ ကမ္ဘာ့မြေပေါ် ဘယ်နေရာရောက်ရောက်၊ မြန်မာဟာ မြန်မာကို
ချစ်တတ်ဖို့ အဓိကပါ။ မြန်မာဟာ မြန်မာပါပဲ။

Dec 22, 2014 08:31 PM

အမည်မဖော်လိုသူ

TVမှာကြော်ငြာတဲ့ ဆပ်ပြာတွေ ရောင်းကောင်းတော့မှာပဲ။ (ပျော်စရာကြီး။)

Dec 21, 2014 02:33 PM

ဆေးရိုးသည် က

နရေပျ- ကန့်လန့်

အရေးထဲ ... ။
ခင်ဗျားပဲအဲဒီဆပ်ပြာတွေဝယ်ပြီး“ပွတ်”“တိုက်” ဆေးကြောပေး လိုက်ပါတော့။

Dec 22, 2014 08:35 PM

ဆိုက်တခုလုံးသို့