လွတ်ငြိမ်းချမ်းသာခွင့်မှာ လူသတ်မှု၊ မုဒိန်းမှုကျူးလွန်သူ အများအပြားပါဝင်

2016-01-26
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ကို တွေ့ရစဉ်
ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ကို တွေ့ရစဉ်
Photo: RFA

သမ္မတဦးသိန်းစိန် အစိုးရလက်ထက် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်တဲ့ အကျဉ်းသား ၁ သောင်း ၁ ထောင့် ၅ ရာကျော်ထဲမှာ လူသတ်မှုနဲ့ ပြစ်ဒဏ်ကျခံနေရသူ ၂၃၀၀ ကျော်၊ သားမယားအဓမ္မပြုကျင့်မှု (မုဒိန်းမှု)နဲ့ ပြစ်ဒဏ်ကျခံနေရသူ ၁၇၀၀ ကျော်၊ လုယက်မှုနဲ့ ပြစ်ဒဏ်ကျခံနေရသူ ၅၀၀၀ ကျော် ပါဝင်တယ်လို့ သိရပါတယ်။

မနေ့ကကျင်းပတဲ့ လွှတ်တော်ဆွေးနွေးပွဲအတွင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် ရဲ့ မေးမြန်းချက်ကို ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ဖြေဆိုခဲ့တာဖြစ်ကြောင်း Eleven Media သတင်းကို ကိုးကားပြီး ထိုင်းနိုင်ငံထုတ် The Nation သတင်းစာက ဖော်ပြပါတယ်။

ဒါ့ပြင် သေဒဏ်ချမှတ်ခံထားရသူ ၁၈၁ ဦးရှိတဲ့ထဲက ၂၀၁၂ ခုနှစ်မှာ ၃၃ ဦး၊ ၂၀၁၄ ခုနှစ်မှာ ၇၁ ဦးကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ ပြည်ထဲရေး ဒုတိယဝန်ကြီးက လွှတ်တော် မှာ ပြောကြားခဲ့ပါတယ်။

ကွန်မင့်များ (4)
Share

အသည်းအသန်

နရေပျ- နေပြည်တော်

ရန်ကုန်မြို့သစ် စီမံကိန်း ကို အသည်းအသန် အကောင်အထည်ဖော်

သမ္မတဟောင်းလုံခြုံရေးဆိုင်ရာဥပဒေကြမ်းကိုအသည်းအသန် အတည်ပြု

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကိုအသည်းအသန် ပေါင်းဖို့

လူသတ်မှု၊ မုဒိန်းမှုကျူးလွန်သူ အများအပြားကို အသည်းအသန် ပြန်လွှတ်ပေး

Jan 27, 2016 05:59 PM

ကုသုိလ္ တစ္ပဲ

နေရပ်- ငရဲ တပိႆ ာ

လွတ်ငြိမ်းခ ျမ်းသာခွင့်ပေးလို့ ရတဲ့ကောင်းက ျို း ထက်
လွတ်သွားတဲ့လူဆိုးတွေက အမှု ပြန်က ျူ းလွန်လို့
ရတဲ့ဆိုးက ျို းက ပိုကြီးနိုင်ပါတယ်။

Jan 27, 2016 02:21 PM

အမည်မဖော်လိုသူ

Human life has no special value in Burma. A murderer will serve a prison term for only a few years unlike in other countries. Ten years' sentence for a murder is too lenient.

Jan 27, 2016 01:04 PM

ဒီလူတွေ သူ့ဆီမလာဘူး လို့

နရေပျ- ဘယ်သူ အာမခံ တုန်း

လူသတ်မှုနဲ့ ၂၃၀၀ ကျော်၊
မုဒိန်းမှုနဲ့ ၁၇၀၀ ကျော်၊
လုယက်မှုနဲ့ ၅၀၀၀ ကျော် ..
အဲဒီထဲက (၁%) ကပဲ ပြစ်မှုပြန်က ျူ းလွန်တယ်ထား။ မတွေးဝံ့စရာပါပဲလား ဘစိန်ရယ်..။

Jan 26, 2016 10:57 PM

ဆိုက်တခုလုံးသို့