မြန်မာနိုင်ငံ မီဒီယာလွတ်လပ်ခွင့် သိသိသာသာ ခြိမ်းခြောက်ခံနေရ

2018-05-03
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရိုက်တာသတင်းထောက်နှစ်ဦး လွတ်မြောက်စေဖို့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က ပျဉ်းမနားမြို့ ကိုးဆူဘုရားမှာ နေပြည်တော်အခြေစိုက် သတင်းထောက်တွေ လက်ပတ်စည်းပြီး ဆုတောင်းပွဲပြုလုပ်ခဲ့စဉ်
ရိုက်တာသတင်းထောက်နှစ်ဦး လွတ်မြောက်စေဖို့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က ပျဉ်းမနားမြို့ ကိုးဆူဘုရားမှာ နေပြည်တော်အခြေစိုက် သတင်းထောက်တွေ လက်ပတ်စည်းပြီး ဆုတောင်းပွဲပြုလုပ်ခဲ့စဉ်
Photo: Win Ko Ko Latt/RFA

မြန်မာနိုင်ငံက လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်နဲ့ မီဒီယာလွတ်လပ်ခွင့်ဟာ သိသိသာသာ ခြိမ်းခြောက်ခံနေရ တယ်လို့ ပြည်တွင်းက အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ သတင်းစာဆရာတွေက ပြောကြားတဲ့အကြောင်း PEN-America အမေရိကန်ကလောင်ရှင်အသင်းက ကြေညာချက်တစောင် မနေ့က ထုတ်ပြန်ပါတယ်။

PEN Myanmar နဲ့ မိတ်ဖက် ၁၈ ဖွဲ့က ပြုစုထားတာဖြစ်ပြီး ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့ မတိုင်ခင် မနေ့ကကြိုတင်ထုတ်ပြန်တဲ့ May 2018 Scorecard ၂၀၁၈ မေလ အမှတ်ပေးကတ်မှာ ဖော်ပြတာပါ။

အချက် ၆ ချက်ပေါ် အခြေခံပြီး လွတ်လပ်စွာ ရေးသားခွင့်နဲ့ ထုတ်ဖော်ပြောကြားခွင့်အခြေအနေကို အကဲဖြတ် အမှတ်ပေးတဲ့အခါ အမှတ် ၆၀ မှာ ၂ မှတ်ပဲ ရပြီး ၂၀၁၇ ကထက် ၆ မှတ်လျော့နည်းသွားတယ်လို့လည်း ဖော်ပြပါတယ်။

ဥပဒေတွေနဲ့ နည်းဥပဒေတွေ၊ မီဒီယာလွတ်လပ်ခွင့်၊ ဒစ်ဂျစ်တာလွတ်လပ်ခွင့်၊ သတင်းထုတ်ဖော်ခွင့်၊ လုံခြုံရေး၊ လွတ်လပ်စွာစည်းရုံးခွင့်၊ ထုတ်ဖော်ပြောကြားခွင့်နဲ့ ထင်မြင်ချက်ပေးခွင့် စတာတွေကို အခြေခံပြီး အကဲဖြတ်အမှတ်ပေးတာပါ။

သတင်းမီဒီယာဥပဒေ၊ ပုံနှိပ်ရေးနဲ့ ထုတ်ဝေရေးဥပဒေ၊ ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဥပဒေ၊ ပြစ်မှုဆိုင်ရာ အသရေဖျက်မှု ပြဌာန်းချက် အပါအဝင် လွတ်လပ်စွာထုတ်ဖော်ပြောကြားခြင်းဆိုင်ရာ ကန့်သတ်ချက် ဥပဒေတွေကို ပြင်လည်းမပြင်ဆင်၊ ပယ်လည်း မပယ်ဖျက်သေးဘူးလို့လည်း ဖော်ပြပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့