အကျဉ်းထောင်မှ သားပြန်လွတ်လာလို့ မိခင်ဖြစ်သူ ဝမ်းသာလွန်ပြီး ကွယ်လွန်

လွတ်ငြိမ်းချမ်းသာခွင့်အရ ပူတာအို ထောင်က ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသား ကိုအောင်ကျော်ဦးဟာ နေအိမ်ကို ပြန်ရောက်ပြီးနောက် မိခင်ဖြစ်သူ ရုတ်တရက် ကွယ်လွန်သွားတာ ကြုံတွေ့လိုက်ရတယ်လို့ သတင်းရရှိပါတယ်။
2012-01-14
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အကျဉ်းသားများ၏ မိသားစုဝင်တဦး မေလ ၁၇ ရက်နေ့က ရန်ကုန်မြို့ အင်းစိန်ထောင်ရှေ့တွင် စောင့်နေပုံ ဖြစ်ပါသည်။ အကျဉ်းသားအားလုံးကို ထောင်ဒဏ်တနှစ်စီ လျှော့ပေါ့ပေးပြီး အင်္ဂါနေ့မှစပြီး အကျဉ်းသား ၁၇ ၀၀၀ ကို စတင် လွှတ်ပေးနေကြောင်း ဦးသိန်စိန် အစိုးရက ကြေငြာခဲ့ပြီး သော်လည်း နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် အကျဉ်းထောင်တွင်း ကျန်ရှိနေသေးသည့်အပေါ် ပြည်တွင်းပြည်ပ အဖွဲအစည်းများက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြသည်။ ဓါတ်ပုံ (AFP)

AFP

ကိုအောင်ကျော်ဦးရဲ့ မိခင်ဟာ ပြီးခဲ့တဲ့လက လေဖြတ်ထားသလို၊ နှလုံးရောဂါ အခံလည်း ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သားဖြစ်သူ ပြန်လွတ်လာတဲ့အခါမှာ စိတ်လှုပ်ရှားလွန်ပြီး ရုတ်တရက် အခုလို ဖြစ်သွားတယ်လို့ ပြောပါတယ်။

ကိုအောင်ကျော်ဦးဟာ အရင်က ကျူရှင်ဆရာတစ်ဦး ဖြစ်ပြီး တိုက်ကြီးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တွဲဘက် အတွင်းရေးမှူးတာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ၂ဝဝ၇ ခု သြဂုတ်လမှာ စစ်အစိုးရက လောင်စာဆီဈေးနှုန်း ရုတ်တရက် မြှင့်လိုက်လို့ ဆန္ဒပြ တဲ့အတွက် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁၃ နှစ်ခွဲ ချမှတ်ခံခဲ့ရပါတယ်။

ကွန်မင့်များ (10)
Share

အမည်မဖော်လိုသူ

ဝမ်းနည်းမိပါတယ်။

Jan 20, 2012 08:04 AM

အမည်မဖော်လိုသူ

ကိုယ်ချင်းစာပါတယ်

Jan 19, 2012 05:58 AM

အမည်မဖော်လိုသူ

ထပ်တူနှင့်အမျှဝမ်းနည်းရပါတယ်

Jan 16, 2012 06:18 AM

အမည်မဖော်လိုသူ

အထူးဘဲ စိတ်ထိခိုက်ရပါတယ်--ကောင်းတာတစ်ခုက အမေကြီး ၀မ်းသာပီတိနဲ့ အတူ ဘ၀ကူးရတဲ့အတွက် ကောင်းရာသုဂတိရောက်မှာသေချာပါတယ်။

Jan 16, 2012 01:23 AM

အမည်မဖော်လိုသူ

I am verysorry to hear,but i tihniking ,she so pleased and believed for him.He will not get imprison again encouragingly she die.

Jan 16, 2012 12:23 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့