မြောက်ဦးမြို့ ဆင်ကဲစစ်ဘေးဒုက္ခသည်စခန်း အကူအညီလိုအပ်နေ

2019-04-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေးမြို့မြစ် အထက်ပိုင်းမှာရှိတဲ့ ဆင်ကဲ စစ်ဘေးဒုက္ခသည်စခန်းကို တွေ့ရစဉ်
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေးမြို့မြစ် အထက်ပိုင်းမှာရှိတဲ့ ဆင်ကဲ စစ်ဘေးဒုက္ခသည်စခန်းကို တွေ့ရစဉ်
Photo: Rakhine Ethnics Congress

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေးမြို့မြစ် အထက်ပိုင်းမှာရှိတဲ့ ဆင်ကဲ စစ်ဘေးဒုက္ခသည်စခန်းမှာ ဧပြီလ ၁၆ ရက်နေ့က လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ယာယီတဲတွေ ပျက်စီးသွားခဲ့ပြီး အခုအခါမှာ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

လေပြင်းကြောင့် ယာယီတဲတွေ ပျက်စီးသွားတဲ့ ဒုက္ခသည်တွေဟာ နေပူပဲမှာနေနေရတဲ့ အခြေအနေဖြစ်နေပြီး အမိုးအကာအတွက် တာလပတ်စတွေ၊ သောက်ရေ၊ ဆန်၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးကုသမှုတွေ အမြန်ဆုံးလိုအပ်နေတာဖြစ်ကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ အစည်းအရုံး ဥက္ကဋ္ဌ ဦးဇော်ဇော်ထွန်က RFA ကို ပြောပါတယ်။

ဒုက္ခသည်တွေအတွက် နေထိုင်ဖို့ပြန်ဆောက်နေပေမယ့် တာလပတ်စတွေ မလုံလောက်တဲ့အပြင် သောက်ရေလိုအပ်နေသလို စားနပ်ရိက္ခာလည်း သုံးရက်စာလောက်ပဲ ကျန်တော့တယ်လို့ ဆင်ကဲ စစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံ ဦးမောင်ထွန်းဖြူက RFA ကို ပြောပါတယ်။

ဒါ့အပြင် အဲဒီဆင်ကဲစစ်ဘေးဒုက္ခသည်စခန်းမှာ ကလေးငယ်တွေ အပါအဝင် လူအယောက် ၄၀ လောက်ဟာ ဖျားနာ၊ ချောင်းဆိုး၊ ဝမ်းလျောဝမ်းပျက်ရောဂါတွေ ဖြစ်ပွားနေတဲ့အတွက် ကုသမှုနဲ့ ဆေးဝါးအကူအညီလည်း လိုအပ်နေတယ်လို့ ဦးမောင်ထွန်းဖြူက ဆိုပါတယ်။

တချိန်တည်းမှာလည်း အဲဒီနေရာဟာ လုံခြုံရေးစိုးရိမ်ချက်တွေကြောင့် ကူညီပေးနေသူတွေ လာရောက်တာနည်းပါးတဲ့ နေရာဖြစ်လို့ လက်ရှိမှာ ရက်ပိုင်းအတွင်း စားနပ်ရိက္ခာ ပြတ်လပ်သွားနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ ဆိုပါတယ်။

ဆင်ကဲစစ်ဘေးဒုက္ခသည်စခန်းမှာ ရခိုင်တပ်မတော် AA နဲ့ အစိုးရ တပ်မတော်တို့ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည် မိသားစု ၈၁ စု၊ လူဦးရေ ၃၆၆ ယောက်ခိုလှုံနေတာ ၂ လနီးပါး ကြာမြင့်နေပြီဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့