ရခိုင်ပြည်နယ်အခြေအနေ အထူးစိုးရိမ်ကြောင်း ကုလဌာနေကိုယ်စားလှယ်ပြော

2019-01-09
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီးအောင်ဝင်းဦးနှင့်အဖွဲ့ကို ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်သို့ မထွက်ခွာခင် စစ်တွေလေဆိပ်တွင် ၂ဝ၁၉ ဇန်နဝါရီလ ၆ ရက်နေ့က တွေ့ရစဉ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီးအောင်ဝင်းဦးနှင့်အဖွဲ့ကို ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်သို့ မထွက်ခွာခင် စစ်တွေလေဆိပ်တွင် ၂ဝ၁၉ ဇန်နဝါရီလ ၆ ရက်နေ့က တွေ့ရစဉ်။
(Photo: Min Thein Aung/RFA)

ရခိုင်ပြည်နယ်မှာ မြန်မာအစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA အကြားက တိုက်ပွဲတွေကြောင့် ဒီဇင်ဘာ လဆန်းပိုင်းကတည်းက ဒေသခံအရပ်သား ၄,၅ဝဝ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့အပေါ် အထူးစိုးရိမ်မိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်က ပြောလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ယာယီဌာနေကိုယ်စားလှယ်နဲ့ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေးမှူး Knut Ostby က… ဇန်နဝါရီလ ၄ ရက်နေ့က တိုက်ခိုက်မှုသတင်းတွေအပေါ် သူ့အနေနဲ့ တုန်လှုပ်မိကြောင်း၊ သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေအတွက်  ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း ပြောဆိုခဲ့တယ်လို့  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က နယူးယောက်မြို့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။

အရပ်သားတွေအားလုံးကို အကာအကွယ်ပေးဖို့နဲ့ လူ့အခွင့်အရေးဥပဒေနဲ့အညီ လေးစားကြဖို့၊ ရခိုင်ပြည်နယ်က လက်ရှိအခြေအနေတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်အောင် အားလုံးက ကြိုးပမ်းကြဖို့နဲ့၊ အကြမ်းဖက် ပဋိပက္ခဒဏ် ခံစားရသူတွေအနေနဲ့ လူသားချင်း စာနာမှု အကူအညီတွေ ရရှိနိုင်ဖို့ မစ္စတာ Ostby က နှစ်ဘက်လုံးကို တိုက်တွန်းလိုက်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအတောအတွင်းမှာပဲ… မြန်မာနိုင်ငံဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး သေနတ်သံတွေ ညတိုင်း ကြားနေရတဲ့အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာဒုက္ခသည်တွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းပေါ်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းအနီးမှာ မြန်မာနယ်ခြားစောင့်တပ်က စခန်း ၁ဝ ခု တိုးချဲ့ထားတယ်လို့ ဒုက္ခသည်တွေကို ကိုးကားပြီး AFP သတင်းမှာ ဖော်ပြထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့