မသန်စွမ်းတွေအတွက် ပညာရေးကောလိပ်ဝင်ခွင့် ကန့်သက်ချက် ပယ်ဖျက်မည်

2017-03-09
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာသုံးသပ်ဆန်းစစ်ရေးကော်မရှင်ဥက္ကဌ သူရဦးရွှေမန်းနဲ့ မသန်စွမ်းအသင်း တာဝန်ရှိသူတွေ နေပြည်တော်မှာ မတ်လ ၉ ရက်နေ့က တွေ့ဆုံစဉ်
ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာသုံးသပ်ဆန်းစစ်ရေးကော်မရှင်ဥက္ကဌ သူရဦးရွှေမန်းနဲ့ မသန်စွမ်းအသင်း တာဝန်ရှိသူတွေ နေပြည်တော်မှာ မတ်လ ၉ ရက်နေ့က တွေ့ဆုံစဉ်
Photo: Win Ko Ko Latt/ RFA

ပညာရေးကောလိပ်တွေမှာ ဝင်ခွင့်လျှောက်ထားသူတွေဟာ ကိုယ်လက်အင်္ဂါသန်စွမ်းရမယ်ဆိုတဲ့ အချက်ကို လာမယ့်နှစ်ကစပြီး ဖြုတ်ဖို့အတွက် ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောတယ်လို့ ရွှေမင်းသားဖောင်ဒေး ရှင်း ဥက္ကဌ ဦးမြတ်သူဝင်းက ပြောပါတယ်။

နေပြည်တော် လွှတ်တော်က ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာသုံးသပ်ဆန်း စစ်ရေးကော်မရှင်နဲ့ တွေ့ဆုံအပြီးမှာ သတင်းထောက်တွေကို ပြောတာပါ။

ရွှေမင်းသားဖော်ဒေးရှင်း ဥက္ကဌ ဦးမြတ်သူဝင်းက မသန်စွမ်းသူတွေကို ခွဲခြားဆက်ဆံတာ ပညာရေးဝန်ကြီးဌာနရဲ့ မူဝါဒမဟုတ်တဲ့အကြောင်း ပညာရေးဝန်ကြီးက ပြောတယ်လို့ အခုလို ပြောပါတယ်။

"ပညာရေးကောလိပ်တွေမှာ ပြဌာန်းထားတဲ့ ခြေပူးလက်ပူး၊ မျက်စိစွေစောင်း ဘာညာဆိုပြီးတော့ မသန်စွမ်းသူတွေကို ခွဲခြားဆက်ဆံတာဟာ ပညာရေးဝန်ကြီးဌာနဲ့ မူဝါဒမဟုတ်ပါဘူး"

မကြာသေးခင်က ပညာရေးကောလိပ်တွေအတွက် သင်တန်းသားခေါ်ယူရာမှာ မသန်စွမ်းတွေကို ခွဲခြားတယ်ဆိုတဲ့ အသုံးအနှုန်းတွေပါတဲ့အတွက် ပညာရေးဝန်ကြီးဌာနနဲ့ ရွှေမင်းသားဖောင်ဒေးရှင်း တွေ့ဆုံဆွေးနွေးပြီး အချက် ၅ ချက် သဘောတူညီမှုရခဲ့ရာမှာ အဲဒီအချက်ပါဝင်တာဖြစ်ပါတယ်။

အဲဒီသဘောတူညီချက် ၅ ခုမှာ နိုင်ငံတော်က သတ်မှတ်ထားတဲ့ မသန်စွမ်းတွေ ခန့်အပ်ရမယ့် ရာခိုင်နှုန်းအတိုင်း ပညာရေးဝန်ကြီးဌာနက အလုပ်ခန့်ဖို့၊ မသန်စွမ်းတွေရှိတဲ့ကျောင်းတွေကို ဆရာ၊ ဆရာမ ထပ်တိုးခန့်ဖို့ နဲ့ ရွှေမင်းသားဖော်ဒေးရှင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လည်းသဘောတူခဲ့တယ်လို့ ဦးမြတ်သူဝင်းက ပြောပါတယ်။

မသန်စွမ်းအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဥပဒေအရ လုပ်ငန်းတွေမှာ မသန်စွမ်း ၂ ရာခိုင်နှုန်း ခန့်အပ်ရ မယ်လို့ ပါရှိပေမယ့် အခုအချိန်အထိ ခန့်အပ်မှုအားနည်းနေတယ်လို့လည်း မသန်စွမ်းတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ လူဦးရေ ၄ ဒသမ ၆ ရာခိုင်နှုန်းဖြစ်တဲ့ လူဦးရေ ၂ ဒသမ ၃ သန်းဟာ မသန်စွမ်းဖြစ်နေတယ်လို့ သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့