SSPP/SSA တပ်စခန်း မိုင်းရှုးမြို့နယ်အတွင်းက ဖယ်ရှားပေးဖို့ အစိုးရတပ်က ဖိအားပေး

ရှမ်းပြည်မြောက်ပိုင်း မိုင်းရှုးမြို့နယ်အတွင်း အခြေစိုက် တပ်စွဲထားတဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA ရှမ်းပြည် မြောက်ပိုင်းတပ်ရဲ့ တပ်စခန်းတွေကို အမြန်ဆုံး ဖယ်ရှားပေးဖို့ အစိုးရ နယ်မြေခံတပ်တွေက ဖိအားပေးပြောဆိုလာပြီး တပ်ရင်း ၂ ရင်းနဲ့ ဝိုင်းထားကြောင်း SSA မြောက်ပိုင်းတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလ က ပြောပါတယ်။
2012-08-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) SSPP/SSA တည်ထောင်ခြင်း ၄၈ နှစ်ပြည့် အခမ်းအနားတွင် SSA တပ်သားများ စစ်ရေးပြချီတက်နေကြစဉ်။
ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) SSPP/SSA တည်ထောင်ခြင်း ၄၈ နှစ်ပြည့် အခမ်းအနားတွင် SSA တပ်သားများ စစ်ရေးပြချီတက်နေကြစဉ်။
Photo courtesy of SSPP/SSA

ရှမ်းပြည်မြောက်ပိုင်း မိုင်းရှုးမြို့နယ်အတွင်းမှာရှိတဲ့ နမ့်ပန်ချောင်းအနီးက SSA မြောက်ပိုင်းတပ်ရင်း ၈၀၁ တပ်စွဲထားတဲ့ ခနောက်စိမ်း စမ်းသပ်တူးဖော်ခွင့် ရထားတဲ့ နယ်မြေထဲကနေ ဖယ်ရှားပေးဖို့ အခုရက်ပိုင်းအတွင်းမှာ အစိုးရတပ်ဘက်က ပြောဆိုလာတာလို့ ဗိုလ်မှူး စိုင်းလ က ပြောပါတယ်။

"သုံးလေးရက်ခန့်ကပေါ့။ အဲဒီ မိုင်းရှုးတပ်ကနေပြီးတော့ ကျွန်တော်တို့ အဲဒီ မိုင်းရှုးမြို့နယ်ထဲက တာ့ဆမ်ပူး ကူတို့ဆိပ်မှာ နေရာယူထားတဲ့ ကျွန်တော်တို့ တပ်ပေါ့။ အဲဒီမှာ ကျွန်တော်တို့ ခနောက်စိမ်း လုပ်ကွက် ရှိတယ်လေ။ ကျွန်တော်တို့ စမ်းသပ်တူးဖော်ခွင့်နဲ့ ကျွန်တော်တို့ ပါမစ်ရထားတာ အနှစ် ၂၀ လောက်တောင်ရှိပြီ ထင်တယ်။ ကျွန်တော်တို့ အဲမှာ နေခဲ့တာလည်း အနှစ် ၂၀ - ၃၀ လောက် ရှိပြီကိုး။ အဲဒီမှာ မနေဖို့ ဖယ်ပေးဖို့ ပြောလာတော့ သူတို့လည်း တပ်ရင်း ၂ ရင်းနဲ့ ထွက်လာတယ်လေ။ ခမရ ၁၅၀ နဲ့ ခမရ ၁၄၉ ပေါ့။ တိုက်ပွဲတော့ မဖြစ်သေးပါဘူး။ သူတို့ ပြန်ဆုတ်သွားရင်တော့ တမျိုးပေါ့။ သူတို့ ရှေ့တိုးလာရင်တော့ ဖြစ်နိုင်ခြေတော့ ရှိတယ်"

ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းတပ်ဖွဲ့ဟာ အခုနှစ် ဇန်နဝါရီလကုန်ပိုင်းကမှ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ အပစ်အခတ် ရပ်စဲရေး အပါအဝင် ပြည်နယ်အဆင့်၊ ပြည်တောင်စုအဆင့်တွေမှာ အချက် ၅ ချက်စီ နှစ်ဖက် သဘောတူ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ပါတယ်။

ကွန်မင့်များ (1)
Share

kyawnyunt

တိုင်းရင်းသားများဗမာအစိုးရကလိုရင်တမျိုးမလိုရင်တမျိုးဆိုတာသိပြီမဟုတ်လား။အရင်ကအလုပ်တွေကိုသူတို.ဘာမှတာဝန်ယူတာမရှိဘူး။အခုလောက်ဆိုရင်မှမသိရင်တော့-------

Aug 22, 2012 01:56 AM

ဆိုက်တခုလုံးသို့