စစ်တွေမြို့တဝိုက် အခြေအနေ တင်းမာနေဆဲ

RFA က စုံစမ်းရရှိတဲ့ သတင်းတွေအရ စစ်တွေမြို့ ပတ်ဝန်းကျင်မှာ မနေ့ညက တစ်ညလုံး အခြေအနေတွေ တင်းမာနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
2012-06-09
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရခိုင်ကျေးရွာတွေ အနီးမှာ မနေ့ညက မြန်မာစကားမတတ်တဲ့ တစ်ဘက်နိုင်ငံသားတွေလို့ ယူဆရသူတွေက အုပ်စုဖွဲ့ပြီး အော်ဟစ်ဆူပူနေခဲ့ကြတယ်လို့ စစ်တွေမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြတ်ကျော် က အခုလို ပြောပါတယ်။

“ အကုန်လုံးက ဘင်္ဂလားဒေ့ချ်က ခိုးဝင်လာကြတဲ့ အုပ်စုတွေပဲ။ သူတို့တွေခိုးဝင်တဲ့ ဒီဘက်မှာ သဲချောင်းဆိုတဲ့ ဒီအပေါက်ရှိတယ်။ အဲဒီအပေါက်ကနေ ဘင်္ဂလားဒေ့ချ် ကို သုံးနာရီလောက် မောင်းလိုက်ရင်ရောက်ပြီ။ စက်လှေနဲ့။ သူတို့က အဝင်အထွက်က အဲဒီနေရာက အမြဲတမ်းကို အဲဒီနေရာက အဝင်အထွက် လုပ်နေကြတာ။ အကုန်လုံး ဘင်္ဂလားဒေ့ချ်က ဝင်လာကြတဲ့ လူတွေပဲ”

အခုလို ဆူပူအကြမ်းဖက်ဖို့ ကြံစည်ကြိုးစားနေတဲ့ လူအုပ်တွေနဲ့ပတ်သက်လို့ အာဏာပိုင်တွေဘက်က ထိထိရောက်ရောက် အမြန်ဆုံးဖြေရှင်းပေးဖို့ လိုအပ်နေတယ်လို့ ဦးအောင်မြတ်ကျော်က ပြောပါတယ်။

“ သူတို့ရဲ့နောက်ကွယ်မှာ တကယ့်ကို သြဇာကြီးမားတဲ့ အုပ်စုတစ်စုက control အပြည့်အဝ စီမံကိန်းချပြီး သူတို့ကိုလုပ်ခိုင်းနေတဲ့ သဘောမျိုးရှိတယ်။ မနေ့ကဆိုရင် မနက်ပိုင်းရော၊ နေ့လည်ပိုင်းရော ဘာမှ ပြဿနာ မရှိဘူး။ အဲဒီညနေစောင်းဘက်ရောက်ရော အဲတာက ပြဿနာကတင်းမာလာရော။ သုံးနာရီလောက်ကနေ သူတို့က တင်းမာလာတာ။ ဘူးမေရော်ဆိုတဲ့ အဲဒီရွာက ဘင်္ဂါလီတွေနေတဲ့ ရွာကြီးပဲ။ အဲဒီတစ်ရွာထဲကို ပတ်ပတ်လည်မှာရှိတဲ့ တခြားအဲဒီ ဘင်္ဂါလီတွေအကုန်လုံး ဒီဘက်ကို စုပြုံပြီးရင် ဘူးမေရော်ရွာမှာ စုကြတယ်။ အဲဒီကနေတဆင့် ဒီဘက်က ရခိုင်တွေဘက်ကို မြို့တွင်းဘက်ကို ဝင်မလို့ သူတို့ကလူအင်အားသုံးပြီး တက်လာတယ်”

စစ်တွေမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြတ်ကျော် ပြောသွားတာပါ။

ကွန်မင့်များ (4)
Share

အမည်မဖော်လိုသူ

RFA..သတင်းအမှန်တွေကိုဖော်ပြပေးပါ.....ဘယ်တုန်းကမှမှန်ကန် မူမရှိတဲ့..အစိုးရအရာရှိတွေရဲ့စကားနဲ့..တဖက်သတ်မဖော်ပြပါနဲံ..

Jun 12, 2012 01:47 AM

အမည်မဖော်လိုသူ

RFA ရေ တကယ်ဆိုရင် ဒီနယ်စပ် ပေါက်ဂိတ်တွေကို ပိတ်မထားဘူးလား၊ ဒါမှမဟုတ် ဂိတ်မှာ ရှိတဲ့ ဌာနဆိုင်ရာတွေက အရင်ကလိုဘဲ ပိုက်ဆံယူပြီး လွှတ်ပေးနေတာလား။ ဒါတွေဟာ အရင်ကတည်းက ပိုင်တဲ့ဂိတ်ကို လုံခြုံအောင်မထားခဲ့လို့ ဒီကောင်တွေစိမ့်ဝင်ပြီး ဒီလောက်အထိ လူအင်အားကြီးထားလာရတာ ပါ။ အခုမှ ဘယ်သူကို ဘယ်လိုလုပ်ရမှန်းမသိဖြစ်နေတာဟာ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ အစည်းတွေရဲ့ အသုံးမကျမှုတွေကြောင့်လို့ ထင်မိပါတယ်။

Jun 10, 2012 10:52 AM

တူးတူး

နေရပ်- ရန္ကုန္

သတင်းအမှန်တွေ တင်ပေးပါလို့ပြောချင်ပါတယ်

Jun 10, 2012 09:43 AM

အမည်မဖော်လိုသူ

ဒီလောက်ဘဲသိလားတော်လိုက်တဲ့သတင်းဌာန

Jun 10, 2012 03:50 AM

ဆိုက်တခုလုံးသို့