သရက်မြို့ဒေသခံတွေပဋိပက္ခ ရဲကပစ်ခတ်ဖြိုခွင်းလို့ ၁၈ ဦး ဒဏ်ရာရ

2019-02-01
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မကွေးတိုင်း သရက်မြို့နယ် လမ်းမတော်လမ်းမှာ မနေ့ညပိုင်းက သရက်မြို့ ဒေသခံတွေကြား ပဋိပက္ခဖြစ်ပွားပြီး ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ ပစ်ခတ် ဖြိုခွင်းတဲ့အတွက် ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အဲ့ဒီထဲက ၂ ဦးဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ သရက်မြို့ ဒေသခံသတင်းထောက်တဦးက RFA ကို ပြောပါတယ်။

ဒီနေ့ကျင်းပတဲ့ မြို့နယ်ဘောလုံးပွဲကနေ ပြန်လာတဲ့ ရေပေါ်ကျွန်းရွာသားတွေဟာ ဘောလုံးကွင်းနဲ့ လေးဖာလုံလောက်အကွာ လမ်းမတော်လမ်းအရောက်မှာ သရက်မြို့ ဒေသခံတွေအချင်းချင်း ပဋိပက္ခ ဖြစ်ခဲ့တာလို့ သတင်းထောက်က ပြောပါတယ်။

ဒဏ်ရာရသူတွေကို သရက်ခရိုင်ဆေးရုံမှာ တင်ပို့ကုသထားပြီး လောလောဆယ် အနီးအနားမြို့နယ်တွေက လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေကိုပါ တိုးချဲ့ချထားကြောင်းလည်း ပြောပါတယ်။

မကွေးတိုင်းရဲတပ်ဖွဲ့ကတော့ သရက်မြို့လုံခြုံရေးအခြေအနေဟာ ပုံမှန်အတိုင်းသာ ရှိနေတယ်လို့ ဒီနေ့ညပိုင်းမှာ RFA ကို ပြောပါတယ်။

မကွေးတိုင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ဆွေကို ဆက်သွယ်မေးမြန်းရာမှာတော့… သရက်မြို့နယ်က အခြေအနေကို မသိရှိသေးကြောင်း RFA ကို ပြောပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့