ကုလနဲ့ လွတ်လပ်တဲ့အဖွဲ့တွေ ဝင်ခွင့်ပေးဖို့ အီးယူ တောင်းဆို

2018-01-11
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မောင်တောမြို့နယ် အင်းဒင်ကျေးရွာသုဿာန်မှာ အမည်မသိရုပ်အလောင်းတွေကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က တူးဖော်ခဲ့စဉ်
မောင်တောမြို့နယ် အင်းဒင်ကျေးရွာသုဿာန်မှာ အမည်မသိရုပ်အလောင်းတွေကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က တူးဖော်ခဲ့စဉ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး - ဖေ့စ်ဘွတ်

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ရွာမှာ မွတ်စလင် ၁၀ ယောက်ကို မြန်မာ့တပ်မတော်က တရားဥပဒေ အရ မစီရင်ဘဲ လက်လွတ်စပယ်သတ်လိုက်တာကို ပထမဆုံးဝန်ခံပြောဆိုလိုက်တယ်လို့ EU ဥရောပသမဂ္ဂက ဒီနေ့ရက်စွဲနဲ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြလိုက်ပါတယ်။

ဒီလိုရက်ရက်စက်စက် သတ်ဖြတ်တဲ့လုပ်ရပ်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဖြစ်ရပ်အားလုံးကို စုံစမ်းစစ်ဆေးဖို့ အရေးတကြီး လိုအပ်နေတာကို ပြသရာရောက်တယ်လို့ ဆိုပါတယ်။ အဲဒီဖြစ်ရပ်ကျူးလွန်တဲ့အတွက် တာဝန်ယူဖို့၊ တာဝန်ခံဖို့လဲ လုပ်ရမယ်လို့ ပြောပါတယ်။ အဲဒီလို လူ့အခွင့်အရေး အဆက်မပြတ် ချိုးဖေါက်နေတာတွေ ရပ်တန်းက ရပ်ရမယ်လို့ ဆိုပါတယ်။

ဒါကြောင့် မြန်မာအစိုးရအနေနဲ့ ကုသမဂ္ဂလူ့အခွင့်အရေးကောင်စီက တာဝန်ပေးထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ အပြည့်အဝပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း ထပ်မံတောင်းဆိုလိုက်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် တခြား လွတ်လပ်တဲ့ လေ့လာရေးအဖွဲ့တွေ၊ သတင်းထောက်တွေကိုလည်း အစိုးရကိုယ်တိုင်က လုံခြုံရေးအတွက်အာမခံပြီး အဲဒီဒေသမှာ သွားလာခွင့်ပြုရမယ်၊ ဒီအတွက် မနှောင့်နှေးစေရဘူးလို့လည်း EU က တောင်းဆိုလိုက်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့