ရိုဟင်ဂျာ လို့ခေါ်တာနဲ့ ပတ်သက်ပြီး အမေရိကန် သံအမတ်ကြီး ရှင်းလင်း

2016-04-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel ကို ဧပြီလ ၂၈ ရက်နေ့က တွေ့ရစဉ်
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel ကို ဧပြီလ ၂၈ ရက်နေ့က တွေ့ရစဉ်
Photo: Htet Arkar/RFA

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel က အမေရိကန် အစိုးရအနေနဲ့ ရိုဟင်ဂျာ လို့ ခေါ်ဝေါ် သုံးစွဲတာဟာ နိုင်ငံရေးအရမဟုတ်ဘဲ လူ့အဖွဲ့အစည်းတစ်ခုက သူတို့ကို ဘယ်လိုအမည်နဲ့ ခေါ်ပါလို့ တောင်းဆို တဲ့အတိုင်း အသိအမှတ်ပြုခေါ်ဆိုတာ ဖြစ်ကြောင်း ပြောပါတယ်။

ရန်ကုန်မြို့က အမေရိကန်သံရုံးမှာ တွေ့ဆုံစဉ်မှာ ရိုဟင်ဂျာ အခေါ်အဝေါ်နဲ့ ပတ်သက်ပြီး သတင်းထောက်တစ်ဦး က မေးမြန်းရာမှာ သံအမတ်ကြီး Scot Marciel က အမေရိကန်အစိုးရရဲ့ သဘောထားကို ပြောခဲ့တာဖြစ်ပါတယ်။

"အမေရိကန် အစိုးရနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ လုပ်ရိုးလုပ်စဉ်က ဘယ်နေရာက လူ့အဖွဲ့အစည်းမဆို သူတို့ကို ခေါ်စေချင်တဲ့ အမည်အတိုင်း အသိအမှတ်ပြု ခေါ်ဆိုတာ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းတိုင်းဟာ သူတို့ကို ဘယ်လိုခေါ်စေချင်တယ်ဆိုပြီး ပြောပိုင်ခွင့် ရှိရမှာ ဖြစ်ပါတယ်။ မိမိတို့အနေနဲ့ သူတို့ခေါ်စေချင် တဲ့အတိုင်းသာ အမည်ကို ခေါ်ကြရတာပါ။ အဲ့ဒီလို ခေါ်ဆိုတာဟာ နိုင်ငံရေးအရ ဆုံးဖြတ်တာ မဟုတ်ပါဘူး။ သာမန်လုပ်ရိုး လုပ်စဉ် အလေ့အထသာဖြစ်ပါတယ်" လို့ Mr. Marciel က ပြောပါတယ်။

ရိုဟင်ဂျာအမည်သုံးစွဲမှုနဲ့ ပတ်သက်ပြီး ထိလွယ်ရှလွယ်ဖြစ်တယ်ဆိုတာကို မိမိတို့အနေနဲ့ သိရှိနားလည်ကြောင်း လည်း ပြောပါတယ်။

မနေ့က နေပြည်တော်မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံက Mr. Scot Marciel ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် အသိအမှတ်ပြုလိုက်တာဖြစ်ပြီး ဒီကနေ့ သတင်းမီဒီယာတွေနဲ့ ပထမဆုံး အကြိမ် တွေ့ဆုံတာ ဖြစ်ပါတယ်။

ဒါ့အပြင် သံတမန်တွေကြားမှာ မြန်မာနိုင်ငံကို ခေါ်ဆိုသုံးစွဲတာနဲ့ ပတ်သက်ပြီး အင်္ဂလိပ်လို Myanmar လား ၊  Burma လားဆိုရာမှာ ၂ မျိုးသုံးစွဲနေကြတာရှိပြီး အမေရိကန်အစိုးရ အနေနဲ့ လက်ရှိအချိန်ထိ Burma လို့ ခေါ်ဝေါ်သုံးနေကြောင်းနဲ့ မကြာခင် သီတင်းပတ်တွေအတွင်းမှာ Burma နဲ့ Myanmar ဘယ်လိုခေါ်မယ် ဆိုတာကို ဆုံးဖြတ်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

ကွန်မင့်များ (3)
Share

ဦးသန့်

နေရပ်- USA


May 03, 2016 05:09 PM

နိုင်ငံတနိုင်ငံ၏ တိုင်းရင်းသားများကို လေးစားပါ

အမေရိကန်သံအမတ်ကြီးရဲ ့စကားကရှေ နောက်မညီဖြစ်နေတယ်

မြန်မာနိုင်ငံနဲ့မြန်မာလူမူသိုက်အဝန်းက တရားဝင်ကမ္ဘာသိ ကုလသမဂ္ဂ
မှာကြေငြာထားတဲ့မရှိပါဖူးလက်မခံပါဖူးဆိုတဲ့
ရပ်တည်ချက်ပြောကြားချက်ကို အလေးထားလက်ခံပီး
ဘင်္ဂလီဆိုတဲ့စကားလုံးသာသုံးရမှာဖြစ်တယ်


Apr 28, 2016 11:44 PM

မြန်မာနိုင်ငံနှင့်နိုင်ငံသားများ၏တရားဝင်သဘောထားကို

နရေပျ- အလေးအနက်လေးစားသင့်ပါသည်

အမေရိကန်အနေနဲ့
အဖွဲ့အစည်းကို အလေးထားမှာလား
မြန်မာနိုင်ငံပြည်သူများက လက်မခံတဲ့
အမည်ကို မသုံးဖို့အလေးထားမှာလားဆိုတာ
အလေးအနက်သေချာစဉ်းစားဖို့လိုပါတယ်

နိုင်ငံရေးအရမဟုတ်သော်ငြားလည်း
မြန်မာနိုင်ငံတွင်တာဝန်ထမ်းဆောင်မည့်
သူတစ်ဦးအနေနဲ့မြန်မာနိုင်ငံနှင့်မြန်မာ
ပြည်သူများ၏တရားဝင်ကြေငြာထားသည့်
လက်မခံသည့် သဘောထားကို အလေးထား လေးစားသင့်ပါသည်

Apr 28, 2016 08:30 AM

ဆိုက်တခုလုံးသို့