ဝန်ထမ်းများကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက သာသနာ့နုဂ္ဂဟအသင်း ဝင်ခိုင်း

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ညွန်ကြားချက်နဲ့ဆိုပြီး ရန်ကုန်တိုင်းအတွင်း သက်ဆိုင်ရာ မြို့နယ် ရပ်ကွက်တွေမှာ ရယက အဖွဲ့ဝင်တွေကနေ မြန်မာနိုင်ငံ ထေရဝါရ ဗုဒ္ဓသာသနာ နုဂ္ဂဟ အသင်းကြီး ဖွဲ့စည်းရေးအတွက် ဝန်ထမ်းတွေကို အသင်းဝင်ဖို့ အတင်း အဓမ္မ ဝင်ခိုင်းနေတယ်လို့ သိရပါတယ်။
2011-02-07
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ အဖွဲ့ဝင်များ ဒဂုံမြို့သစ်ရှိ နေအိမ်တခု၏ ခြံဝတွင် ဤအိမ်သည် ပြည်ခိုင်ဖြိုး ပါတီဝင်ပြီး ဖြစ်ကြောင်း ဆိုင်းဘုတ်ကို အိမ်ရှင်၏ ခွင့်ပြုချက်မယူပဲ သံရိုက်တပ်ဆင်နေပုံ ဖြစ်ပါသည်။ (Photo: RFA)
ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ အဖွဲ့ဝင်များ ဒဂုံမြို့သစ်ရှိ နေအိမ်တခု၏ ခြံဝတွင် ဤအိမ်သည် ပြည်ခိုင်ဖြိုး ပါတီဝင်ပြီး ဖြစ်ကြောင်း ဆိုင်းဘုတ်ကို အိမ်ရှင်၏ ခွင့်ပြုချက်မယူပဲ သံရိုက်တပ်ဆင်နေပုံ ဖြစ်ပါသည်။ (Photo: RFA)
(Photo: RFA)
ရွေးကောက်ပွဲမှာ အမတ်နေရာ အများဆုံးနဲ့ အနိုင်ရခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ ညွန်ကြားချက်နဲ့ ဆိုပြီး ရန်ကုန်တိုင်း အတွင်းက မြို့နယ်တွေမှာ ကျောင်းဆရာ ဆရာမ ဝန်ထမ်းအားလုံးကို မြန်မာနိုင်ငံ ထေရဝါရ ဗုဒ္ဓသာသနာ နုဂဟ အသင်းဝင် လျှောက်လွှာတွေ ဖြည့်ခိုင်းနေတာ ဖြစ်တယ်လို့ မြောက်ဥက္ကလာပ မြို့နယ်က ကျောင်းဆရာတဦးက RFA ကို ပြောပါတယ်။

ဒါ့ပြင် အသင်းဝင်အဖြစ် ဖြည့်ပေးဖို့အတွက် အသင်းဝင် လျှောက်လွှာတွေ စတင် ဖြန့်ဝေ ပေးခဲ့တာကတော့ ပြီးခဲ့တဲ့ ဇန်ဝါရီလ ၃ ရက်နေ့ ကတည်းကလို့ သိရပါတယ်။ သက်ဆိုင်ရာ မြို့နယ် ရပ်ကွက်တွေကို အကြောင်းကြား ပေးပို့ခဲ့တာ ဖြစ်ပြီး အခုလ ထဲမှာတော့ သက်ဆိုင်ရာ ရပ်ကွက် ရယက အဖွဲ့ဝင်တွေနဲ့ မြို့နယ်တွင်းမှာ ရှိတဲ့ ကျောင်းဆရာ ဆရာမ ဝန်ထမ်း အားလုံးကို ငွေကောက်ခံပြီး အတင်း အဓမ္မ အသင်းဝင်ခိုင်းနေတယ်လို့ အဲဒီ ကျောင်းဆရာက ပြောပါတယ်။

အလားတူ လမ်းမတော်မြို့နယ်အတွင်းက ကျောင်းဆရာမတဦးကလည်း သူတို့ ကျောင်းဆရာ ဆရာမ တွေကို အခုလ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြို့နယ် မယကရုံးကို အပြီးသတ် ပေးပို့ရမယ်ဆိုတာကြောင့် ဆရာ ဆရာမတွေ အားလုံး ဖြည့်ပေးလိုက်ရပုံနဲ့ ဗုဒ္ဓဘာသာ သာသနာ အတွက်လို့သာ အောက်မေ့ပြီး အသင်းဝင်လိုက်ရတဲ့အကြောင်း RFA ကို ပြောပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ဦးအောင်မိုးမြင့်က သတင်းပေးပို့ထားပါတယ်။

သတင်းပေးပို့ချက်
အသံဖိုင်ယူရန်

မြန်မာနိုင်ငံ ထေရဝါရ ဗုဒ္ဓသာသနာ နုဂဟ အသင်း ဥက္ကဋ္ဌဖြစ်သူ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ အထက်လွှတ်တော် အမတ် စီးပွားရေးလုပ်ငန်းရှင် ဇေကမ္ဘာ ဦးခင်ရွှေကတော့ အဲဒီ သာသနာ နုဂဟ အသင်း အသင်းနဲ့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့ ပတ်သက်မှု မရှိကြောင်း၊ အသင်းသား အဓမ္မစုဆောင်းမှုနဲ့ ငွေကြေးကောက်ခံမှုလည်း မရှိကြောင်း ပြောဆိုပါတယ်။

ဇေကမ္ဘာ ဦးခင်ရွှေကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဇေကမ္ဘာ ဦးခင်ရွှေနှင့် ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့