အပစ်ရပ် ၁၀ ဖွဲ့ထဲက ၂ ဖွဲ့က ပုပ္ပားထိပ်သီးဆွေးနွေးပွဲကို ရက်ရွှေ့လို

2018-10-10
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
EAO ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ခေါင်းဆောင်တွေ ၂၀၁၈၊ အောက်တိုဘာ ၁၀ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တေ့ွဆုံဆွေးနွေးကြစဉ်
EAO ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ခေါင်းဆောင်တွေ ၂၀၁၈၊ အောက်တိုဘာ ၁၀ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တေ့ွဆုံဆွေးနွေးကြစဉ်
Photo: Aung Moe Myint/ RFA

ပုပ္ပားထိပ်သီးဆွေးနွေးပွဲကို အပစ်ရပ် ၁၀ ဖွဲ့ထဲက ၈ ဖွဲ့က တက်ရောက်လိုပေမယ့် ကျန်တဲ့ နှစ်ဖွဲ့ကတော့ ရက်ရွှေ့လိုတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့ဝင် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့က ကျင်းပမယ့်ရက်ကို သီတင်းပတ် နှစ်ပတ် နောက်ရွှေ့ဆိုင်းလိုပြီး ကျန်အဖွဲ့ ၈ ဖွဲ့ကတော့ သတ်မှတ်ရက်မှာပဲ တွေ့ဆုံဖို့ သဘောထား ရှိကြတယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။

ထိပ်သီးဆွေးနွေးပွဲကို အပစ်ရပ် တိုင်းရင်းသား ခေါင်းဆောင်တွေဖက်က တက်ရောက်ဖို့ မတက်ရောက်ဖို့ကို EAO ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ခေါင်းဆောင်တွေက ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တေ့ွဆုံ ဆွေးနွေးကြတာဖြစ်ပါတယ်။

မနက်ဖြန် အောက်တိုဘာလ ၁၁ ရက်နေ့မှာတော့ အပြီးသတ်ဆုံးဖြတ်ချက်ချနိုင်ဖို့ ဆွေးနွေးကြမှာဖြစ်ပါတယ်။

ကွန်မင့်များ (2)
Share

အမည်မဖော်လိုသူ

မည်သည့်ကိစ္စ က အရေးကြီးပါသလဲ။
KNU နှင့် RCSS တို့အနေနှင့် အချိန်၏ တန်ဖိုးအားနားလည် ဖို့လိုအပ်ပေသည်။ ပဲထောင် ဦးနှိမ် ဦးထောင်ပဲနှိမ် ဖြင့် တစ်စုံတစ်ဖွဲ့က သဘောတူ တစ်စုံတစ်ဖွ့ဲက သဘောမတူ စသည့် အခြေများဖြင့် နှစ်ပေါက်အောင်ရှည်ကြာနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကြောင့် အမှန်တစ်ကယ်နစ်နာနေရသည်မှာ တိုင်းရင်းသားပြည်သူများပင်ဖြစ်ပါသည်။ ရေးကြီးခွင်ကျယ် ဟန်ရေးပြနေခြင်းသည် ကောင်းကျိုးဖြစ်ထွန်းမှုမရှိနိုင်ကြောင်း သိရှိစေအပ်ပါသည်။ လွယ်နေခြင်းကို ခက်အောင် လုပ်ခြင်းဖြင့် ဂုဏ်သိက္ခာများ တက်နေသည်ဟု ယူဆနေပါက လွဲမှားသော အယူအဆသာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ဖိုးသကြား

Oct 10, 2018 09:58 PM

ko ko

အစကတော့ ၃ ပွင့်ဆိုင် လူကြီးတွေ တွေ့ချင်တယ်ပြောခဲ့ပြီးဒေါ်စုနဲ့ ကာချုပ်က တက်ကြမယ်ဆိုတော့ သူတို့က ဈေးကိုင် နေကြြ့ပီ။

Oct 10, 2018 08:08 AM

ဆိုက်တခုလုံးသို့