ခရမ်းလွန်ရောင်ခြည်အန္တရာယ် ဦးထွန်းလွင် သတိပေး

2015-04-11
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

လာမယ့်သင်္ကြန်ကာလအတွင်း ခရမ်းလွန်ရောင်ခြည်များ လွန်တဲ့အတွက် မနက် ၁၁ နာရီကနေ ညနေ ၃ နာရီအတွင်း နေပူထဲမှာ ရေမကစားကြဖို့ မိုးလေဝသနဲ့ ဇလဗေဒပညာရှင် ဒေါက်တာ ဦးထွန်းလွင်က သတိပေးပြောကြားလိုက်ပါတယ်။

လက်ရှိ ခရမ်းလွန်ရောင်ခြည် အညွန်းကိန်းဟာ ၁၄ အထိရောက်နေတဲ့အတွက် သတိထားကြဖို့ ဒေါက်တာ ဦးထွန်းလွင်က ပြောပါတယ်။

"အခုက ၁၄ ကျော်လောက်ရှိပြီဗျာနော်၊ အားလုံးတက်တာ ၁၄ကျော်လောက်ထိရှိတယ်၊ မနှစ်ကတော့ ၁၅၊ ၁၆ အထိရှိတယ်"

သင်္ကြန်ကာလအတွင်း နေပူထဲမှာ ရေဆော့ကစားကြတဲ့အတွက် ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားကင်ဆာ၊ မျက်စိတိမ်စွဲတာတွေ ဖြစ်နိုင်တဲ့အတွက် အထူးသတိထားကြဖို့ ပြောပါတယ်။

လက်ရှိနွေရာသီအချိန်အတွင်းမှာလည်း ပူပြင်းလွန်းတဲ့အတွက် အပူဒဏ်ကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ အပူဒဏ်သက်သာတဲ့ နေရိပ်ထဲမှာ နေထိုင်ကြပြီး အထူးသတိရှိကြဖို့ လိုအပ်ကြောင်းလည်း ပြောပါတယ်။

ဦးထွန်းလွင်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (1)
Share

(

1-NOWADAYS MANY SCIENTISTS WARN ABOUT THE DANGER OF ULTRA VIOLET RAYS=UV RAYS.
2-MANY PEOPLE USING SUN PROTECTION LOTION WITHOUT PROPER UV RATING;THEY ARE DIFFICULT TO GET PROPER UV PROTECTION AND VERY EXPENSIVE.
3-SUGGEST TO WEAR WHITE CLOTH WITH LONG SLEEVE DRESS,LONG PANT OR LONGYI AND HAT AND SHOES.
4-ALSO NEED TO WEAR SUN PROTECTION GLASSES WITH 100 PERCENT = 400 UV PROTECTION.
5-SUGGEST TO USE MUSTARD OIL FOR SUN PROTECTION BECAUSE IT IS MORE CHEAPER THAN COMMERCIAL PRODUCTS AND EASIER TO GET IN LOCAL MARKETS.
6-PEOPLE NEED TO PAY ATTENTION AND TAKING CARE FOR THEMSELVES BECAUSE EVERYBODY KNOW CANCER IS VERY DANGEROUS AND UNCURABLE BY
MODERN MEDICAL SCIENCE IN ALL OVER THE WORLD; THEREFORE BETTER PAY ATTENTION FOR PREVENTION.
TIN HTUT

Apr 14, 2015 05:08 PM

ဆိုက်တခုလုံးသို့