တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မစိုးရိမ်တိုက်သစ်မှာဆွမ်းကပ်

2018-05-30
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုက မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မှာ သံဃာတွေကို ၂၀၁၈ ခုနှစ် မေလ ၃၁ ရက်နေ့က လှူဖွယ်ပစ္စည်းတွေ ပေးအပ်လှူဒါန်းစဉ်
တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုက မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မှာ သံဃာတွေကို ၂၀၁၈ ခုနှစ် မေလ ၃၁ ရက်နေ့က လှူဖွယ်ပစ္စည်းတွေ ပေးအပ်လှူဒါန်းစဉ်
Photo: Senior General Min Aung Hlaing's Facebook

တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုတွေက မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှာရှိတဲ့ စာသင်သားသုံးထောင်နီးပါးကို မေလ ၃ဝ ရက်နေ့က လှူဖွယ်ပစ္စည်းတွေနဲ့ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အလှူပေးအပ်ပွဲအခမ်းအနားသတင်းမှာ အရှင်ဝီရသူအပါအဝင် မစိုးရိမ်တိုက်သစ် ဆရာတော်ကြီးတွေရဲ့ ဓာတ်ပုံကို ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ၂ဝ၁၇ ခုနှစ် ဘာသာရေးလွတ်လပ်မှုဆိုင်ရာ အစီရင်ခံစာမှာ “အရှင်ဝီရသူဟာ လူမျိုးရေးနဲ့ ဘာသာရေး အမုန်းတရားတွေ ပျံ့ပွားအောင် ဆက်လက်ဆောင်ရွက်နေကြောင်း” ဖော်ပြထားပါတယ်။

ကွန်မင့်များ (2)
Share

အမည်မဖော်လိုသူ

အမျိုးချစ်တဲ့သူတွေကိုတော့ တပ်က ချစ်မှာပေါ့

Jun 01, 2018 03:50 PM

အမည်မဖော်လိုသူ

ကဲ .. သိပြီ မဟုတ်လား။ ဘယ်သူက ဘယ်သူ့ကို မွေးသလဲ ဆိုတာ ။

Jun 01, 2018 03:04 AM

ဆိုက်တခုလုံးသို့