ဖွဲ့စည်းပုံကို ဥပဒေနဲ့အညီပြင်ဆင်ရေး ဆရာတော် ဦးဝီရသူ ဦးဆောင်ဆန္ဒပြ

2019-02-16
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ပြင်ဆင်ဖို့ အမျိုးသားရေးဆရာတော် ဦးဝီရသူ ဦးဆောင်ပြီး အမျိုးသားရေးလှုပ်ရှားသူ အင်အား နှစ်ထောင်ခန့်ဟာ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့က မဟာဗန္ဓုလပန်းခြံအနီးမှာ ဒီကနေ့မနက်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

လက်ရှိအစိုးရက ဖွဲ့စည်းပုံပြင်ဆင်ဖို့ ကြိုးစားနေတာကို မကန့်ကွက်ပေမယ့် အခြေခံဥပဒေပါ လုပ်ထုံးလုပ်နည်းအတိုင်း မဆောင်ရွက်ဘူးဆိုရင် သဘောမတူဘဲ ကန့်ကွက်သွားမှာဖြစ်ကြောင်း ဆန္ဒပြသူတွေက ပြောပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်သူတွေက ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး၊ စစ်မှန်ပြီးစည်းကမ်းပြည့်ဝတဲ့ ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးရေး၊ အမျိုးသားအကျိုးစီးပွား အလေးထားရေး၊ ဒီမိုကရေစီအနိုင်ကျင့်ဝါဒ အလိုမရှိ စတဲ့ ဗီနိုင်းပိုစတာတွေနဲ့ ကြွေးကြော်သံတွေကို တောင်းဆိုဆန္ဒပြခဲ့တာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့