အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်တွင်းကြိုးပမ်းမှု

2019-08-01
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

 

RFA က စီစဉ်ထုတ်လုပ်ပြီး DVB ရုပ်သံလိုင်းကနေ အခုတစ်ပတ်မှာ စတင်ထုတ်လွှင့်တဲ့ “ယနေ့နိုင်ငံရေး” အစီအစဉ်မှာ… လွှတ်တော်မှာ ဆွေးနွေးနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းမှုအကြောင်း ဆွေးနွေးထားပါတယ်။

ရခိုင်အမျိုးသားပါတီ ANP ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းနဲ့၊ ပလောင်အမျိုးသားပါတီ PNP အမျိုးသားလွှတ်တော် ကိုယ်စားလှယ် မိုင်းအုန်းခိုင်တို့က RFA ဝိုင်းတော်သူ မအေးအေးမွန်နဲ့အတူ ဆွေးနွေးထားပါတယ်။

နိုင်ငံ့ရေးရာမေးစရာ
~~~~~~~~~~
ဒုတိယပိုင်း "နိုင်ငံရေးရာ မေးစရာ" အစီအစဉ်မှာ… လွှတ်တော်ပြင်ပနိုင်ငံရေး၊ လွှတ်တော်တွင်းနိုင်ငံရေးနဲ့ NLD အစိုးရ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်ကို  RFA ဝိုင်းတော်သူ မနန္ဒာချမ်းက နေပြည်တော် RFA စတူဒီယိုမှာ တွေ့ဆုံမေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့